နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟားခါး-ထန်တလန်ကားလမ်း၊ မိုင်တိုင် အမှတ် (၃/၁)နှင့် (၃/၂)အကြားတွင် ယာဉ်တစ်စီး ချောက်ထဲထိုးကျ ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံး

ဟားခါး ၊ ဖေဖော်ဝါရီ  ၃

   ဇန်နဝါရီ ၃၀ ရက်၊ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်ခန့်၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါး-ထန်တလန်ကားလမ်း၊ မိုင်တိုင်အမှတ်(၃/၁)နှင့် (၃/၂)အကြားတွင် ထန်တလန်ဘက်မှ ဟားခါးဘက်သို့ ယာဉ်မောင်း ဦးချွမ်းလိန်း မောင်းနှင်သည့် ယာဉ်အမှတ် MDY (6E-xxxx) PRADO ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ပေ ၅၀၀ ခန့်ရှိသည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဟားခါးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂ စီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
 အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့်ယာဉ်ပေါ်ရှိ အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးချွန်းလိန်း (သေဆုံး)အား ဟားခါးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ