နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့တိုင်းရင်းဆေးပညာ အဓွန့်ရှည်တည်တံ့ရေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မြန်မာ့တိုင်းရင်းဆေးပညာသည် သမိုင်းတန်ဖိုးမြင့်မားသည့် ရှေးဟောင်းအမွေအနှစ် ဆေးပညာတစ်ရပ် ဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့ရာသီဥတု၊ ရေ၊ မြေ၊ တော၊ တောင်၊ မြန်မာ့ယဉ်ကျေးမှုရိုးရာ အမွေအနှစ် ဓလေ့ထုံးတမ်းစဉ်လာများ ထုံမွမ်းလျက် တည်တံ့နေခဲ့သော ထီးနန်းသုံးတော်ဝင်ဆေးပညာလည်း ဖြစ်သည်။ ယနေ့အချိန်အခါတွင် မြို့ပြနှင့်ကျေးလက်ဒေသနေ ပြည်သူများသည် မြန်မာ့တိုင်းရင်းဆေးပညာရပ် နှင့် တိုင်းရင်းဆေးဝါးများကို အားကိုးယုံကြည်စွာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများနှင့် ဝေးလံခေါင်ပါးသော အစွန်အဖျားဒေသများအထိ မြန်မာ့တိုင်းရင်းဆေးဝါးနှင့် ဆေးပညာရပ်များ ဖြန့်ကြက် ရောက်ရှိနေပြီဖြစ်သည်။
ရှေးမြန်မာတိုင်းရင်းဆေးသမားတော်များ ခေတ်အဆက်ဆက် အမွေဆက်ခံလာသော တိုင်းရင်းဆေးဝါးများ  ၏ ကုသမှုနည်းများ၊ ‌ခေတ်မီကုသနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျ သုတေသနဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေးပြဿနာများကို ကုသနိုင်သောရလဒ်ကောင်းများရရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်း သဘာဝအလျောက် ပေါများစွာဖြစ်ထွန်းနေသည့် သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည့် အဖိုးတန်ပရဆေးပင်များ၊ ရေထွက်မြေထွက်နှင့် တိရစ္ဆာန်ထွက်ဆေးဖက်ဝင်ပစ္စည်းများကို ပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးအဖြစ်ဖော်ထုတ်သုံးစွဲလျက်ရှိသည်။ အနောက်တိုင်းဆေးပညာ၏စွမ်းဆောင်မှု ကြီးမားခြင်းကြောင့် အချို့သောလူမျိုးများ၏ ရိုးရာတိုင်းရင်းဆေးပညာများ မှေးမှိန်ခဲ့ရကြောင်း၊ ဆေးသိပ္ပံ ပညာရပ် တိုးတက်ဖွံ့ဖြိုးလာသော ကာလများတွင် မိမိတို့အာရှဒေသမှ နိုင်ငံနှင့် လူမျိုးများသည် ဘိုးစဉ်၊ ဘောင်ဆက်တိုင်းရင်းဆေးပညာကို တစ်နည်းတစ်လမ်း ထိန်းသိမ်းမှီခိုအားထားနေဆဲဖြစ်သည်။
ယနေ့ခေတ်ကာလများတွင် သုတေသနပညာရှင်များသည် တိုင်းရင်းဆေး၏အစွမ်းအာနိသင်ကို လေ့လာမှုပြုပြီး၊ သိပ္ပံနည်းကျအထောက်အထားများ၏ ခိုင်မာမှုကြောင့် သဘာဝဆေးဝါးများဖြစ်သည့် တိုင်းရင်းဆေးအပေါ်တွင် မှီခိုအားထားမှုများ တိုးတက်များပြားလာသည်ကို တွေ့ရပေသည်။

ထို့ကြောင့်          ကျန်းမာရေးဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိသူများသည် တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု စနစ်တကျထူထောင် လုပ်ကိုင်ကြရမည်ဖြစ်သည်။ ရိုးရာတိုင်းရင်းဆေးပညာဖြင့် သဘာဝ တိုင်းရင်းဆေးများ၏ အစွမ်းအာနိသင်များကို သိပ္ပံနည်းကျ စည်းကမ်းတကျဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ကြရမည်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာ အဓွန့်ရှည်တည်တံ့ရေးတွင် ယုံကြည်စွာအသုံးပြုခြင်း၊ တိုင်းရင်းဆေးထုတ်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီသော နိုင်ငံတကာအဆင့်မီ တိုင်းရင်းဆေးဝါး များ ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ