နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကောလင်းမြို့နယ်၌ တရားမဝင်သံလမ်းကူးဖြတ်ကူးသည့် မော်တော်ယာဉ်နှင့် ကျောက်မီးရထားတို့ ယာဉ်တိုက်မိ

ကောလင်း မေ ၁၃

မေ ၁၂ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ကောလင်းမြို့နယ်၊ မြစ်ကြီးနား-မန္တလေး ရထားလမ်းမိုင်တိုင်(၅၂၆/၁၂)၌ နေလင်းထွန်း(၂၄)နှစ်မောင်းနှင်သည့် 6K/------ Lifan ၆ ဘီး မော်တော်ယာဉ် သည်  တရားမဝင်ရထား သံလမ်းကူးအား ဖြတ်ကူးစဉ်  ဦးသူရထွန်းမောင်းနှင်သည့် ရထားအမှတ် (BT-321)ကျောက်ရထားမှ ဝင်ရောက်တိုက်မိခဲ့သဖြင့် မော်တော်ယာဉ်မှာ ရထားလမ်း၏ ဝဲဘက်သို့ ထိုးကျတိမ်းမှောက် သွားခဲ့ပြီး ရထားစက်ခေါင်းနှင့် နောက်တွဲ ၂ တွဲတို့မှာ ဘီးချော်ကာ ရထားလမ်းယာဘက်ရှိ ကုက္ကိုလ်ပင်အား ထပ်မံတိုက်မိတိမ်းမှောက်ခဲ့ပါသည်။

 အဆိုပါဖြစ်စဉ်ကြောင့် ည ၈ နာရီအချိန်တွင် နေလင်းထွန်း(ဖမ်းမိ)အား  မီးရထားလုပ်ငန်း ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိပါကြောင်းနှင့် မီးရထားလမ်းအား ခေတ္တ ပိတ်ဆို့ထားရှိပြီး  ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်လျက်ရှိပါကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ