နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ဃန်ကျွန်းမြို့နယ်နှင့် မိုးမိတ်နယ်တို့တွင် စိတ်ကြွဆေးပြား များဖမ်းဆီးရမိ

ရန်ကုန် မေ ၁၃

မေ ၁၂ ရက်၊ နေ့လယ် ၃ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ ကောက်စောလမ်း၊ အမှတ် (၅၅/ခ)၊ ခြေရင်း(ပထမထပ်)ရှိ မသွင့်ဝါဝါဇော်(ခ)မဝါ၏နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ ယင်းအား မတွေ့ရှိဘဲ နေအိမ်တွင်ရောက်ရှိနေသူ လှမျိုး(ခ)ဝေယံအား နေအိမ်တိုက်ခန်းအတွင်းရှိ ဗီရိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁,၆၀၀ ပြား နှင့် လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လှမျိုး(ခ)ဝေယံ(၅၀)နှစ်(ဖမ်းမိ)နှင့် မသွင့်ဝါဝါဇော်(ခ)မဝါ (ဖမ်းမမိ) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

မေ ၁၂ ရက်၊ မွန်းတည့် ၁၂ နာရီခွဲအချိန် မိုးမိတ်မြို့နယ်အတွင်း လုံခြုံရေးတာဝန် ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စင့်ကင်ကျေးရွာအနီး မြို့ရှောင်လမ်း၌ မန်တုံမြို့ဘက်မှ မိုးမိတ်မြို့ဘက်သို့ လှငွေ(၃၁)နှစ် မောင်းနှင်သည့်ဆိုင်ကယ်နှင် ရွှေလေးမောင်းနှင်သော ဆိုင်ကယ်တို့အား မင်္သကာ၍ စစ်ဆေးရန်တားဆီးစဉ် ရွှေလေးမှာ ဆိုင်ကယ်ကို ထား၍ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး လှငွေ(၃၁)နှစ်အား ဆိုင်ကယ် ၂ စီးပေါ်ရှိ ပီနံအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် လှငွေ(၃၁)နှစ်နှင့် ရွှေလေး(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ