နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌လေဖြတ်ရောဂါကာကွယ်၊ ပြန်လည်ထူထောင်ရေး ဝိုင်းဝန်းကြိုးပမ်း

ရန်ကုန်   ဖေဖော်ဝါရီ  ၁

လေဖြတ်ရောဂါသည် ဦးနှောက်သို့ သွေးသားလာမှုရပ်ဆိုင်းသွားခြင်း (သို့မဟုတ်) လျော့နည်းသွားခြင်းတို့ ကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်သည်။ လေဖြတ်ရောဂါ အမျိုးအစားကြီးနှစ်မျိုးရှိပြီး ယင်းတို့မှာ ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ဖြစ်သည်။

လူ့ခန္ဓာကိုယ်၏ အရေးကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်သည့် ဦးနှောက်သည် ယင်း၏လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် လုံလောက်သော သွေးပမာဏကို မရရှိပါက အဆိုပါဦးနှောက်အစိတ်အပိုင်းနှင့်   သက်ဆိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းလုပ်ငန်းများ ရပ်ဆိုင်းသွားပြီး လေဖြတ်ရောဂါလက္ခဏာများဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ကမ္ဘာပေါ်တွင် တစ်မိနစ်လျှင် လူဦးရေ ၁၇ သန်းမှာ လေဖြတ်ရောဂါခံစားရပြီး ယင်းကိုအနက်လူဦးရေ ခြောက်သန်းခွဲမှာ အသက်ဆုံးရှုံးလျက် ရှိနေကြောင်း လူလေးဦးလျှင် တစ်ဦးသည် ယင်း၏ ဘဝသက်တမ်းတစ်လျှောက် တစ်ချိန်ချိန်တွင် လေဖြတ်  ရောဂါဖြစ်ပွားနိုင်ချေရှိပြီး အချိန်ခြောက်စက္ကန့်တွင် လေဖြတ်ရောဂါကြောင့် သေဆုံးရသူတစ်ဦးရှိနေကြောင်း သိရသည်။

လေဖြတ်ရောဂါသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုဖြစ်လာပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း သုတေသန တွေ့ရှိချက်အရ ဝင်ငွေနည်းပါး(သို့)အလယ်အလတ်နိုင်ငံများတွင် ဝင်ငွေကောင်းနိုင်ငံများထက် လေဖြတ်နှုန်း ၂၀ ရာခိုင်နှုန်း ပိုများသည်။ လေဖြတ်သူ သုံးဦးတွင် နှစ်ဦးမှာ ဝင်ငွေနည်းပါး (သို့မဟုတ်) အလယ်အလတ် ရှိနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်သည်။ လေဖြတ်မှုများတွင် အသက် ၂၀ မှ ၆၄ နှစ်ကြား သက်လတ်ပိုင်းများ သည် ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ လွန်ခဲ့သော နှစ် ၂၀ ကထက် ပိုမိုမြင့်တက်လာကြောင်း သုတေသနပညာရှင် များက ထုတ်ပြန်ထားသည်။ အသက်ငယ်သက်လတ်ပိုင်းများတွင် လေဖြတ်ခြင်းများ ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်ဟု ဆိုသည်။
သို့ဖြစ်ရာ လေဖြတ်ရောဂါဖြစ်ပွားစေရန် အားပေးသည့် အမူအကျင့်များဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။

လေဖြတ်ရောဂါကြိုတင်ကာကွယ်နိုင်ရန် သွေးပေါင်မှန်မှန်ချိန်ခြင်း၊ အချို၊ အဆီ၊ အငန်ဓာတ်လွန်ကဲသော အစားအသောက်များကိုရှောင်ခြင်း ကိုယ် အလေးချိန်ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုခြင်းတို့ကို ဆောင်ရွက်သင့်သည်။ ကမ္ဘာအနှံ့ လေဖြတ် ခြင်းပြဿနာမှာ လျင်မြန်စွာကြီးထွားလာမှုကြောင့် လေဖြတ်သည့်ဘေးမှ ကာကွယ်ရေးနည်းလမ်းများ ပြန်လည်ထူထောင်ရေး မဟာဗျူဟာများရေးဆွဲ၍ ထိန်းချုပ်နိုင်မှုများ လိုအပ်နေရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပြည်သူများကပါ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ လေဖြတ်ခြင်းမှ  ကင်းဝေးကြပါစေကြောင်း။






အခြားဆက်စပ်သတင်းများ