နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မတ်လတွင် AstraZeneca ကုမ္ပဏီက ဥရောပသမဂ္ဂအတွက် နောက်ထပ် ကာကွယ်ဆေးအဖုံရေ ၉ သန်း ဖြန့်ဖြူးပေးမည်

ဖေဖော်ဝါရီ ၁၊ ဘရပ်ဆဲလ်


လာမည့်မတ်လတွင် ဗြိတိန်-ဆွီဒင် ဆေးဝါးကုမ္ပဏီ AstraZeneca က ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်ထပ် အဖုံရေ ၉ သန်း ဖြန့်ဖြူးပေးလိမ့်မည်ဟု ဥရောပသမဂ္ဂက ပြောသည်။ AstraZeneca က ဥရောပသမဂ္ဂထံသို့ ကိုဗစ်ကာကွယ်ဆေး အဖုံရေ သန်း ၄၀ ပို့ဆောင်ပေးလိမ့်မည်ဟု လျာထားသော်လည်း လက်ရှိအချိန်အထိ လျာထားချက်၏ တစ်ဝက်သာ ပို့ဆောင်နိုင်ခဲ့သည်။


ထို့ကြောင့် ဥရောပသမဂ္ဂ၏ ကာကွယ်ဆေး ထိုးနှံရေးစီမံကိန်းမှာ ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။ ယခုရက်သတ္တပတ်အတွင်း ဥရောပကော်မရှင်မှာ AstraZeneca ဆေးဝါးကုမ္ပဏီ၊ ဗြိတိန်နိုင်ငံတို့နှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ထုတ်လုပ်သည့် ကာကွယ်ဆေးများကို ဗြိတိန်နိုင်ငံထံ မရောက်အောင် မြောက်အိုင်ယာလန်နယ်စပ်တွင် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဆိုသည့် ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်မှာလည်း ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယခုအခါတွင် အခြေအနေ တိုးတက်လာပြီဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်က ပြောသည်။                                     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ