နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နိုင်ငံတွင် အာဏာရကွန်မြူနစ်ပါတီခေါင်းဆောင်ကို တတိယမြောက် ၅ နှစ်သက်တမ်းအတွက် တင်မြှောက်

ဖေဖော်ဝါရီ ၁၊ ဟနွိုင်း


ဗီယက်နမ်နိုင်ငံ၏ အာဏာရကွန်မြူနစ်ပါတီက အသက် ၇၆ နှစ်ရှိသည့် ပါတီအထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထရွန်ကို တတိယမြောက် ငါးနှစ်သက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့သည်။ ငုယင်ဖူထရွန်မှာ အသက် ၆၅ နှစ် ကန့်သတ်ချက်ထက် ကျော်လွန်နေသော်လည်း ခြွင်းချက်ရရှိခဲ့ခြင်းဖြစ်သည်။


ပါတီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တတိယ ၅ နှစ်သက်တမ်း ရွေးကောက်တင်မြှောက်ခံရခြင်း ကြောင့် ငုယင်ထရွန်ဖူမှာ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ဗီယက်နန်နိုင်ငံတွင် သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်ခွင့်ရသူ ဖြစ်လာခဲ့သည်။ ငုယင်ထရွန်ဖူမှာ ၂၀၁၆ ခုနှစ်က အကျင့်ပျက်ခြစားမှုကို မီးကုန်ယမ်းကုန် ထိုးစစ်ဆင်နွှဲပြီး အရာရှိအများအပြားကို အကျဉ်းချခဲ့ခြင်းကြောင့် ထင်ပေါ်ကျော်ကြားသူဖြစ်သည်။


ကွန်မြူနစ်အစိုးရ အုပ်ချုပ်သည့် ဗီယက်နမ်နိုင်ငံတွင် တစ်ဦးတစ်ယောက်တည်းက အာဏာကုန် ရယူထားခြင်း မဟုတ်ဘဲ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဝန်ကြီးချုပ်၊ သမ္မတနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ စသည့် ထိပ်တန်းခေါင်းဆောင် လေးဦးက ပူးတွဲအုပ်ချုပ်ခြင်းဖြစ်သည်။          


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ