နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေးဆိုင်ရာ ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းကြောင့် ဥရောပသမဂ္ဂကို WHO  ဝေဖန်

ဂျီနီဗာ  ဇန်နဝါရီ  ၃၁


ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပို့ကုန်ထိန်းချုပ်မှု စည်းမျဉ်းများ ချမှတ်ခဲ့သည့် ဥရောပသမဂ္ဂ၏ ကြေညာချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ဝေဖန်ခဲ့ပြီး ကပ်ရောဂါကို အဓွန့်ရှည်စေလိမ့်မည်ဟု ဆိုသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးတင်ပို့မှုများ လျာထားချက် ကိုက်ညီမှုမရှိခဲ့၍ ကာကွယ်ဆေးထုတ်လုပ်သည့်ကုမ္ပဏီများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဥရောပသမဂ္ဂက ယခုကဲ့သို့ စည်းမျဉ်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေမှာ အလွန်စိုးရိမ်ပူပန်စရာကောင်းသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ဒုတိယခေါင်းဆောင် ဆီမာအိုက ပြောသည်။ 

ကာကွယ်ဆေးနှင့်ပတ်သက်၍ အမျိုးသားရေးဝါဒကျင့်သုံးခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါမှ နလန်ထူနိုင်ရန် အချိန်ကြာမြင့်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အကြီးအကဲ ဂီဘရီယီဆပ်က ပြောသည်။ ကာကွယ်ဆေးများကို သိုလှောင်ထားခြင်းမှာ ကပ်ရောဂါကို ဆက်လက်လောင်ကျွမ်းစေပြီး ကမ္ဘာ့စီးပွားရေး နလန်ထူမှုကို နှေးကွေးစေလိမ့်မည်ဟု အွန်လိုင်းမှကျင်းပသည့် Davos Agenda အခမ်းအနားတွင် ဂီဘရီယီဆပ်က ပြောသည်။ စိုးရိမ်စရာကောင်းသည့် စာရိတ္တယိုယွင်းမှုကြောင့် ကာကွယ်ဆေးဆိုင်ရာ မညီမျှမှုများ ဖြစ်စေနိုင်သည်ဟုလည်း ယင်းက ဆိုသည်။                                                             


 (KNT)






အခြားဆက်စပ်သတင်းများ