နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစာငတ်ခံဆန္ဒပြနေသည့် လယ်သမားများရှိရာ နေရာ ၃ ခုတွင် အိန္ဒိယအစိုးရက မိုဘိုင်းအင်တာနက်လိုင်း ဖြတ်တောက်

နယူးဒေလီ  ဇန်နဝါရီ  ၃၁


စိုက်ပျိုးရေးဥပဒေသစ်ကို ဆန့်ကျင်သည့်အနေဖြင့် လယ်သမားများ အစာငတ်ခံဆန္ဒပြနေသည့် နယူးဒေလီမြို့ရှိ  တည်နေရာ သုံးခုတွင် မိုဘိုင်းအင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည်။  အများပြည်သူ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တနင်္ဂနွေနေ့ညအထိ မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောသည်။ 

ဆန္ဒပြလယ်သမားသောင်းချီက နယူးဒေလီမြို့အစွန်ရှိနေရာများတွင် တစ်လကျော် သပိတ်စခန်း ဖွင့်လှစ်ပြီးဆန္ဒပြလျက်ရှိသည်။ ရှေ့မတိုးနောက်မဆုတ်သာအခြေအနေကို အဆုံးသတ်နိုင်ရန်အတွက် သမဂ္ဂအဖွဲ့များနှင့် အစိုးရကြား ဆွေးနွေးမှုများလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

လယ်သမားများက တွဲကားများဖြင့် စုဝေးခဲ့ရာတွင် ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတစ်ဦး သေဆုံးကာ ရဲအရာရှိ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ခြင်းကြောင့် အိန္ဒိယလယ်သမားများ၏ ဆန္ဒပြပွဲသတင်းမှာ နိုင်ငံတကာခေါင်းကြီးသတင်းဖြစ်ခဲ့သည်။ ဆန္ဒပြသူအချို့က နယူးဒေလီမြို့ရှိ သမိုင်းဝင်ခံတပ်နီကြီးကို ဝင်ရောက်သိမ်းပိုက်ခဲ့ရာ ရဲတပ်ဖွဲ့က ယင်းတို့ကို တွန်းလှန်ဖယ်ရှားခဲ့ရသည်။                                         (KNT)






အခြားဆက်စပ်သတင်းများ