နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လယ်နက်စံအိမ်မှာ သမ္မတပူတင်ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ယင်းပိုင်ဆိုင်သည့်စံအိမ်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တုံ့ပြန်

မော်စကို  ဇန်နဝါရီ  ၃၁


ပင်လယ်နက်စံအိမ်မှာ ဝေဖန်သူများစွပ်စွဲသကဲ့သို့ ရုရှားသမ္မတ ပူတင်ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ယင်းပိုင်သည့်စံအိမ်ဖြစ်ကြောင်း ရုရှားဘီလျံနာ ရိုတင်ဘာ့ဂ်ကပြောသည်။ မကြာသေးမီက ပင်လယ်နက် စံအိမ်ကျယ်ကြီးကို စုံစမ်းစစ်ဆေးမှုလုပ်သည့် ရုပ်သံမှတ်တမ်းမှာ အွန်လိုင်းပေါ်တွင်ပျံ့နှံ့သွားခဲ့ပြီး ယခုအချိန် အထိကြည့်ရှုမှုအကြိမ်ရေ သန်း ၁၀၀ ကျော်ရှိနေပြီဖြစ်သည်။ 

ပင်လယ်နက်စံအိမ်ကြီးကို ယင်းပိုင်ဆိုင်သည်ဆိုသည့် သတင်းများကို ယခုရက်သတ္တပတ်အစောပိုင်းတွင် ရုရှားသမ္မတ ပူတင်က ငြင်းဆန်ထားသည်။ အဆိုပါစံအိမ်၏ပိုင်ရှင်မှာ ယင်းဖြစ်ကြောင်း သမ္မတပူတင်နှင့် ရင်းနှီးသည့် ဘီလျံနာရိုတင်ဘာ့ဂ်က ပြီးခဲ့သည့်စနေနေ့တွင် ပြောသည်။ 

''ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ကျွန်တော်က ကြွေးရှင်တွေနဲ့ စာချုပ်တစ်ခု ချုပ်ဆိုခဲ့တယ်။ ပြီးတော့ ဒီစံအိမ်ကို အပေါင်ခံသူဖြစ်လာခဲ့ပါတယ်''ဟု ရိုတင်ဘာ့ဂ်က ပြောသည်။ ပင်လယ်နက်စံအိမ်မှာ လာမည့်နှစ်ပိုင်းအတွင်း ပြီးစီးမည်ဖြစ်ပြီး ဟိုတယ်တစ်ခုဖြစ်လာလိမ့်မည်ဟု ယင်းက ဆိုသည်။ အဆိုပါစံအိမ်မှာ ပေါင် ၁ ဘီလျံ တန်ကြေးရှိပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံးလာဘ်ထိုးမှုအဖြစ်ပေးထားခြင်းဟု ရုရှားအတိုက်အခံ ခေါင်းဆောင် နာဗယ်နီ၏အဖွဲ့က ယခုလအစောပိုင်းတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ 

ရိုတင်ဘာ့ဂ်မှာ တံတားများ၊ ဓာတ်ငွေ့ပိုက်လိုင်းများစသည့် အခြေခံအဆောက်အအုံများ တည်ဆောက် သည့် ဆောက်လုပ်ရေးလုပ်ငန်းစုများ၏ ပိုင်ရှင်ဖြစ်ပြီး ရုရှားသမ္မတ ပူတင်နှင့် ကျောင်းနေဘက်သူငယ်ချင်း၊ ဂျူဒိုကစားဖော်ဟောင်းများဖြစ်သည်။ ရိုတင်ဘာ့ဂ်မှာ ပူတင်၏ အိမ်မွေးတိရစ္ဆာန်စီမံကိန်းများကို ပံ့ပိုးပေးနေ သည့် အတွင်းစည်းအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အမေရိကန်နိုင်ငံက ယင်းကို အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့ဖူးသည်။                                                                                                                           (KNT)






အခြားဆက်စပ်သတင်းများ