နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိမ်းလန်းကြည်လင်သော မြို့တော်ရန်ကုန်

ရန်ကုန် ဇန်နဝါရီ  ၃၁


 မြန်မာနိုင်ငံ၌ ခရီးသွားစရာနေရာများပေါများလှသည်။ လည်ပတ်လေ့လာစရာနေရာများ၊ အပန်းဖြေ အနားယူစရာနေရာများပေါများလှသည်။ ယခုကဲ့သို့ ပွင့်လင်းရာသီပြည်ပခရီးသွားဧည့်သည်များသာမက ပြည်တွင်းခရီးသွားများလည်း ပိုမိုလည်ပတ်သွားလာကြသည်။ မြန်မာနိုင်ငံအတွင်း COVID  ရောဂါကူးစက် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာမှလေကြောင်းခရီးစဉ်ဖြင့် ခရီးသည်များဝင်ရောက် မှုကို ကန့်သတ်ထိန်းချုပ်မှုများကြောင့် ခရီးသွားဧည့်သည်များ ဝင်ရောက်မူကို ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည်။

 ကိုဗစ် -၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ သက်ဝင်လာရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင်  ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ‌ ဖော်ဆောင်နိုင်ရေးစီစဉ်လျက်ရှိသည်။ ပြည်တွင်း ပြည်ပခရီးသွားများသည် မြန်မာတို့၏ လူနေမှုဘဝဓလေ့ထုံးစံများ၊ အံ့ချီးမကုန်သော ရှေးဟောင်းဗိသုကာ အ‌ဆောက်အအုံများနှင့် သာယာလှပသော မြန်မာ့ရှုခင်းများကို ဦးစားပေးလေ့လာကြသည်။ ရန်ကုန်မြို့တော်ကြီး တွင် ရှေးဟောင်းယဉ်ကျေးမှုလက်ရာ အဆောက်အအုံများ၊ ဟောင်းနွမ်းအဆောက်အအုံများ သန့်ရှင်းသပ်ရပ် ရေးနှင့်သစ်လွင်တောက်ပရေးအတွက် လိုအပ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့ပြအ‌မွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာတို့ပူးပေါင်း၍ ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန (ယခင်ပြည်သူ့အိုးအိမ်အဖွဲ့ရုံး) အဆောက်အအုံကို ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား ၃၇ ခု ‌မြောက်ကို တပ်ဆင်ခဲ့သည်။

 မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အဆောက်အအုံကို ၁၉၂၃ ခုနှစ် မတ်လတွင် ရန်ကုန်စည်ပင်သာယာရေး အဖွဲ့၏ရုံးအဖြစ် မြန်မာပြည်ဘုရင်ခံ Sir Harcourt Butler  က စတင်တည်ဆောက်ခဲ့သည်။ နောက်ပိုင်းတွင်    မြို့ပြဖွံ့ဖြိုးရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးအတွက် လက်ရှိအဆောက်အအုံသည် နှစ်ပေါင်း ၁၀၀ နီးပါး စီမံသော ဌာနဖြစ်ပြီး  ရန်ကုန်မြို့တိုးတက်သာယာရေးဖွံ့ဖြိုးရေး လုပ်ဆောင်ခဲ့သော သမိုင်းကြောင်းအရ အရေးကြီး သော မြို့ပြအမွေအနှစ်အဖြစ် အပြာရောင်ကမ္ဗည်းတပ်ဆင်ခြင်းဖြစ်သည်။ 

 ရန်ကုန်မြို့သည် မိမိတို့နိုင်ငံတွင် စီးပွားရေးအချက်အခြာ မြို့ဖြစ်သည့်အပြင် ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာရာ မြို့လည်းဖြစ်သည်။ ရန်ကုန်မြို့တော်အတွင်း လမ်းများသန့်ရှင်းသပ်ရပ်ပြီး၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ စိမ်းလန်းကြည်လင်သော ပတ်ဝန်းကျင်ကောင်းများ ဖော်ဆောင်ထားမှု ယာဉ်များ    စည်းကမ်းတကျသွားလာရပ်တံ့နိုင်ရေးကို သက်ဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပေ သည်။ သာယာစိမ်းလန်းကြည်လင်သော မြို့တော်ရန်ကုန်တွင် စိတ်အေးကြည်လင်စွာ ခရီးသွားဧည့်သည်များ ရန်ကုန်မြို့၏ရှုခင်းအလှကို လေ့လာနိုင်ကြပေသည်။ ရန်ကုန်မြို့ကြီးသန့်ရှင်းသပ်ရပ်လှပရေး မြို့တော်နေ ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သာယာစိမ်းလန်းကြည်လင်သော မြို့တော်ဖြစ်လာစေရေး အတွက် အထောက်အကူပြုစေချင်ကြောင်း။                     ။






အခြားဆက်စပ်သတင်းများ