ပင်လောင်း ၊ ဇန်နဝါရီ ၃၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၇ ရက်၊ ညနေ ၆ နာရီအချိန်တွင် သတင်းအရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတားတွင် ပင်လောင်းဘက်မှ ပေါင်းလောင်းဘက်သို့ အာကာစိုးမိုး(ခ)အာကာ(၂၉)နှစ်၊ မောင်းနှင် ပြီး ပြည့်စုံဦး(၂၂)နှစ် လိုက်ပါလာသည့် ISUZU LIGHT TRUCK မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်နောက် ခန်းကြမ်းခင်းအတွင်းထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းပြား သိမ်းဆည်း ရမိခဲ့ပါသည်။
ယင်းဆေးပြားများကို တန့်ယန်းမြို့၊ အမှတ်(၄)ရပ်ကွက်နေ စိုင်းနောင်(ခ) စိုင်းကျော်လင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
ဆွေဦး