ရန်ကုန် ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၉ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ် အချိန်တွင် မူးယစ်ဆေးဝါးချပြသတင်းများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၉)ရပ်ကွက်၊ အကောက်ခွန်(၃)လမ်း၌ သတင်းရယူစုံစမ်းဆောင်ရွက်နေစဉ် ကြိုတင်သတင်းရရှိထားသူ ရွှေမိုး မောင်းနှင်ပြီး ၎င်း၏ဇနီး မနန်းဝင့်ဝင့်ဝါ လိုက်ပါလာသည့် YGN-4D-1595(Mark-II)အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ တစ်ထုတ် လျှင် WY စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပါ ၂၅၀ ထုပ်၊ စုစုပေါင်းဆေးပြား ၅၀၀၀၀ ပြား၊ အလေးချိန် ၅၀၀၀ ဂရမ်ခန့် တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့နေထိုင်သည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်၊ တိမ်ညို(၁)လမ်း၊ အမှတ်(၇၂၆)ရှိနေအိမ်အား ဆက်လက် ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ခရီးဆောင်အိတ်အတွင်းမှ တစ်ထုပ်လျှင် WY စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပါ ၃၆၀ ထုပ်၊ စုစုပေါင်းဆေးပြား ၇၂၀၀၀ ပြား၊ အလေးချိန် ၇၂၀၀ ခန့် ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ ရွေမိုးပါ ၂ ဦးကို စစ်ဆေးရာ အဆိုပါမူးယစ်ဆေးဝါးများမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၉)ရပ်ကွက်၊ အကောက်ခွန်(၃)လမ်း၊ အမှတ်(၇၀)နေ နေဇင်လတ်(ခ) စိုးလင်းမှ ဖြန့်ဖြူးရောင်းချရန် အပ်ထားသော ပစ္စည်းများဖြစ်ကြောင်း စစ်ဆးပေါ်ပေါက် ချက်အရ နေဇင်လတ်(ခ)စိုးလင်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ထွက်ပြေးထိမ်းရှောင် သွားခဲ့သဖြင့် ၎င်းအား ဖမ်းဆီးရမိရေး မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် ရမည်းသင်းမြို့နယ်၊ ထိန်ပင်ကျေးရွာ အုပ်စု၊ ကြက်လျှာကျေးရွာ၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းတို့တွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆွေဦး