နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယကမ္ဘာစစ်အတွင်း မိသားစုကို ခိုလှုံခွင့်ပေးခဲ့သည့်ရွာအတွက် အမျိုးသားတစ်ဦးက အမွေသန်းချီ ချန်ရစ်ခဲ့

ပါရီ  ဇန်နဝါရီ  ၃၀

ဒုတိယကမ္ဘာစစ်အတွင်း ယင်း၏မိသားစုကို ခိုလှုံခွင့်ပေးခဲ့သည့် ပြင်သစ်နိုင်ငံရှိ ရွာတစ်ရွာကို ကျေးဇူးဆပ် သည့်အနေဖြင့် သြစတြီးယားအမျိုးသားတစ်ဦးက သေတမ်းစာဖြင့် အမွေချန်ရစ်ပေးခဲ့သည်။

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ လီချမ်ဘွန်ဆာလစ်နွန်ရွာမှာ ဂျူးလူမျိုး ထောင်ပေါင်းများစွာကို ကာကွယ်ပေးခဲ့ပြီး လူအများအပြားကို နှိပ်စက်ညှဉ်းပန်းမှုမှ ကာကွယ်ပေးခဲ့သည်ဆိုသည့် ဂုဏ်သတင်း ကျော်ကြားခဲ့သည့်ရွာဖြစ်သည်။

အဲရစ်ရှဝမ်မှာ ၁၉၄၃ ခုနှစ်က ယင်း၏မိသားစုနှင့်အတူ လီချမ်ဘွန်ဆာလစ်နွန်ရွာတွင် ခိုလှုံခဲ့သူဖြစ်သည်။ အဲရစ်ရှဝမ်မှာ  ပြီးခဲ့သည့်လက အသက် ၉၀ အရွယ်တွင် ကွယ်လွန်ခဲ့ပြီး လီချမ်ဘွန်ဆာလစ်နွန်ရွာအတွက် ငွေကြေးအများအပြား အမွေချန်ရစ်ပေးခဲ့သည်ဟု မြို့တော်ဝန်က ပြောသည်။ သို့သော် သေတမ်းစာပါ အမွေပမာဏကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ အဲရစ်ရှဝမ်မှာ လွန်ခဲ့သည့်နှစ်များကတည်းက အမွေချန်ရစ် ထားရန် မြို့တော်အရာရှိများထံဆက်သွယ်ခဲ့ပြီး ယူရို ၂ သန်းနီးပါး အမွေချန်ရစ်ခဲ့ဖွယ်ရှိသည်ဟု ယခင် မြို့တော်ဝန်ဟောင်းက ပြောသည်။                                                                                               (KNT)






အခြားဆက်စပ်သတင်းများ