နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာကွယ်ဆေးများ လျာထားချက်အတိုင်းမရ၍ ဥရောပသမဂ္ဂက ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်း ချမှတ်

ဘရပ်ဆဲလ်  ဇန်နဝါရီ  ၃၀

ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးပေးရာတွင် လျာထားချက်နှင့် မကိုက်ညီ၍ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအတွင်း ထုတ်လုပ်သည့် ကာကွယ်ဆေးများနှင့်ပတ်သက်၍ ပို့ကုန်ထိန်းချုပ်မှု စည်းမျဉ်းများ ချမှတ်ခဲ့သည်ဟု ဥရောပသမဂ္ဂက အတည်ပြုခဲ့သည်။

''ကျွန်မတို့အဖွဲ့ဝင် နိုင်ငံသားတွေကို ကာကွယ်ပေးရေး၊ ဘေးကင်းလုံခြုံရေးက ဦးစားပေးပါပဲ။ ကျွန်မတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအရ ဒီလိုလုပ်ရုံမှတပါး တခြားရွေးချယ်စရာမရှိပါဘူး''ဟု ဥရောပကော်မရှင်က ပြောသည်။ ဥရောပသမဂ္ဂမှာ ကာကွယ်ဆေး ဖြန့်ဖြူးပေးမှုနှင့်ပတ်သက်၍ AstraZeneca ကုမ္ပဏီနှင့် လူသိရှင်ကြား အငြင်းပွားခဲ့သည်။ ကာကွယ်ဆေးများဖြန့်ဖြူးပေးရာတွင် နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများက ဥရောပသမဂ္ဂကို ဖိအားပေးလျက်ရှိသည်။

AstraZeneca ကုမ္ပဏီက ယင်းတို့ကတိပေးထားသည့်အတိုင်း ကာကွယ်ဆေးဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းမရှိကြောင်း သက်သေထူရန်အတွက် ဥရောပကော်မရှင်က ကုမ္ပဏီနှင့် လျှို့ဝှက်ချုပ်ဆိုထားသည့်စာချုပ်ကို လူသိရှင်ကြား ထုတ်ဖော်ကြေညာခဲ့သည်။ သို့သော် ဆေးဝါးဝယ်ယူသည့် ကုန်ကျစရိတ်၊ ဆေးဝါးဖြန့်ဖြူးပေးမည့်ရက်စွဲနှင့် ဉာဏမူပိုင်ခွင့်အချက်အလက်များကို မမြင်နိုင်အောင် ဖုံးကွယ်ခဲ့သည်။                           (KNT)






အခြားဆက်စပ်သတင်းများ