နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တီးနားနိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ်များထံမှ အခွန်ငွေ ကောက်ခံမည့်အစီအစဉ် စတင်အကျုံးဝင်

ဗျူနိုအေရိစ်  ဇန်နဝါရီ  ၃၀

ဆေးဝါးအထောက်အကူပစ္စည်းများ ဝယ်ယူရန်၊ ကိုဗစ်ကပ်ရောဂါကြောင့် ရုန်းကန်နေရသည့် စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးပေးရန်အတွက် အာဂျင်တီးနားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များထံမှ တစ်လုံးတစ်ခဲ တည်း အခွန်ငွေကောက်ခံမည့်အစီအစဉ် စတင်အကျုံးဝင်လာပြီဖြစ်သည်။

ပီဆိုသန်း ၂၀၀ ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်း)ကျော် ချမ်းသာသူများအနေဖြင့် အာဂျင်တီးနား နိုင်ငံအတွင်း တရားဝင်ကြေညာထားသည့် ပိုင်ဆိုင်မှုတန်ဖိုး၏ ၃ ရာခိုင်နှုန်း၊ ပြည်ပပိုင်ဆိုင်မှုတန်ဖိုး၏ ၅ ရာခိုင်နှုန်းကျော်ကို အခွန်ငွေပေးဆောင်ရမည်ဖြစ်သည်။ အဆိုပါစည်းမျဉ်းအရ အခွန်ငွေပေးဆောင်ရမည့်သူ ၁၂၀၀၀ နီးပါးရှိသည်။ အချမ်းသာဆုံးပုဂ္ဂိုလ်များထံမှ အခွန်ငွေကောက်ခံမည့်အစီအစဉ်အရ အမေရိကန် ဒေါ်လာ ၃ ဘီလျံရရှိလိမ့်မည်ဟု အာဂျင်တီးနားအစိုးရက မျှော်လင့်ထားသည်။

ရရှိလာသည့်အခွန်ငွေများကို ပညာသင်စရိတ်ပေးအပ်ခြင်းနှင့် လူမှုအထောက်အပံ့များအတွက်လည်း အသုံးပြုမည်ဖြစ်သည်။ သန်းကြွယ်သူ‌ဌေးခွန်ဟု တင်စားခေါ်ဝေါ်ကြသည့် အခွန်ကောက်ခံရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်ဒီဇင်ဘာလက အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၄၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။                               
                                                                         (KNT)






အခြားဆက်စပ်သတင်းများ