နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဒေလီမြို့ရှိ အစ္စရေးသံရုံးအနီး အသေးစားဗုံးတစ်လုံး ပေါက်ကွဲ

နယူးဒေလီ  ဇန်နဝါရီ  ၃၀

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ရှိ အစ္စရေးသံရုံးအနီးတွင် အသေးစား ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်း ကြောင့် အနီးနားရှိကားများ ထိခိုက်ပျက်စီးခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရခဲ့ခြင်းမရှိပေ။ ပေါက်ကွဲအား အလွန်ပျော့သည့် လက်လုပ်မိုင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း အကြမ်းဖက်လုပ်ရပ်အဖြစ် သဘောထား သည်ဟု အစ္စရေးအရာရှိတစ်ဦးက မီဒီယာများထံ ပြောသည်။

လွန်ခဲ့သည့်ကိုးနှစ်က နယူးဒေလီမြို့တွင် ကား‌အောက်၌ ထောင်ထားသည့်ဗုံး ပေါက်ကွဲခဲ့ခြင်းကြောင့် အစ္စရေးသံအမတ်၏ဇနီး ဒဏ်ရာရခဲ့သည်။ ထိုနေ့က ဂျော်ဂျီယာနိုင်ငံမြို့တော် တီဘလီဆီမြို့တွင် အစ္စရေး သံရုံး၏ ကားအောက်၌ ဗုံးထောင်ခဲ့သော်လည်း ပေါက်ကွဲခဲ့ခြင်းမရှိပေ။ ၂၀၁၂ ခုနှစ်က ဗုံးထောင်သည့်ဖြစ်စဉ် နှစ်ခုလုံးနောက်ကွယ်တွင် အီရန်နိုင်ငံပါဝင်နေသည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက စွပ်စွဲခဲ့သော် လည်း အဆိုပါစွပ်စွဲချက်များကို အီရန်နိုင်ငံက ငြင်းဆန်ခဲ့သည်။    
                                                        (KNT)






အခြားဆက်စပ်သတင်းများ