နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Janssen ကုမ္ပဏီ၏ တစ်ကြိမ်သာထိုးရသည့် ကိုဗစ်ကာကွယ်ဆေးက ၆၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်စွမ်းရှိ

ဘရပ်ဆဲလ် ဇန်နဝါရီ  ၃၀

ဘယ်လ်ဂျီယံဆေးဝါးကုမ္ပဏီ Janssen က ဖော်စပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ရောဂါကို ၆၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု ကုမ္ပဏီက ကြေညာခဲ့သည်။ Janssen ကာကွယ်ဆေးကို နိုင်ငံတကာစမ်းသပ်ထိုးနှံမှုလုပ်ရာတွင် ပါဝင်ထိုးနှံခဲ့သူအားလုံး ဆေးရုံတက်ရောက်ကုသစရာမလိုအပ် သကဲ့သို့ သေဆုံးမှုလည်းမရှိခဲ့ပေ။

ထို့အပြင် Janssen ကုမ္ပဏီ၏ ကာကွယ်ဆေးမှာ တစ်ကြိမ်သာ ထိုးနှံရခြင်းဖြစ်ပြီး ၂ ကြိမ်ထိုးရသည့် ကာကွယ်ဆေးများထက် ထုတ်လုပ်၊ ဖြန့်ဖြူးမှုပိုင်းမှာ ပိုမိုလွယ်ကူသည်။ သို့သော် Janssen ၏ ကာကွယ်ဆေးမှာ တောင်အာဖရိကနိုင်ငံတွင် ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ မျိုးဗီဇသစ်ကူးစက်မှုကို ကာကွယ်ရာ တွင် အာနိသင်ထိရောက်မှု နည်းသည်ဆိုသည့် လက္ခဏာများ တွေ့ရသည်။

အမေရိကန်ကုမ္ပဏီ Novavax က ယင်းတို့၏ ကာကွယ်ဆေးမှာ ဗြိတိန်နိုင်ငံတွင် စမ်းသပ်ထိုးနှံမှုအရ ကိုဗစ်ရောဂါကို ၈၉ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပြီး တောင်အာဖရိကနိုင်ငံတွင် ၆၀ ရာခိုင်နှုန်း ကာကွယ်ပေး နိုင်သည်ဟုကြေညာခဲ့ပြီးနောက် အချိန်တိုအတွင်း Janssen ကုမ္ပဏီက ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေးအသစ် ၂ မျိုးလုံးအနေဖြင့် ဆေးဝါးဆိုင်ရာ စည်းမျဉ်း ထိန်းသိမ်းသူများ၏ သုံးသပ်မှုခံယူပြီးမှသာ အသုံးပြုခွင့်ပေးမည်ဖြစ်သည်။
                                                                                                     (KNT)






အခြားဆက်စပ်သတင်းများ