သာစည် ၊ ဇန်နဝါရီ ၃၀
ဇန်နဝါရီ ၂၇ ရက်၊ ည ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီး၊ ရန်ကုန်-မန္တလေးသွားကားလမ်း(ဟောင်း)၊ မိုင်တိုင်အမှတ် (၃၁၉/၃)တွင် ထွန်းအောင်ကျော် မောင်းနှင်ပြီး ခန့်ချောနှင့် စည်သူထွန်းတို့ လိုက်ပါလာသည့် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ဆာလာအိတ်များ အတွင်းမှ Ammonium Nitrate ၂,၆၂၅ ကီလို သိမ်းဆည်းရမိခဲ့ပါသည်။
ကွင်းဆက်သတင်းအရ ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၁ နာရီခွဲအချိန်တွင် ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်နေ မမာဦးအား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ထွန်းအောင်ကျော်(၃၂)နှစ်၊ ခန့်ချော(၃၁)နှစ်၊ စည်သူထွန်း(၂၃)နှစ်၊ မမာဦး(၄၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး