နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသုံးသူကာကွယ်ရေး စနစ်တကျဆောင်ရွက်ပေး

ရန်ကုန်  ဇန်နဝါရီ  ၃၀
 ယနေ့စားသောက်နေသော အစားအသောက်များတွင် အနံ့၊ အရသာ၊ အရောင်အဆင်းထုပ်ပိုးမှုတို့မှာ လွန်စွာကောင်းမွန်သော်လည်း ဘေးအန္တရာယ်ရှိ၊ မရှိသတိထားဆင်ခြင်ရန်လိုအပ်သည်။ လူမှုဘဝနယ်ပယ် တွင် အရာရာအတုပစ္စည်းများနှင့်မကင်းပါ။ အစားအသောက်၊ အဝတ်အထည်၊ သုံးစွဲစရာပစ္စည်းမှအစ ဓာတု ဗေဒဓာတ်သဘောနှင့်မလွတ်ကင်းချေ၊ အဆိုပါ  ဆိုးဆေးနှင့်ဓာတ်ပြုထားသော အစားအသောက်များကို စားသုံးခြင်းဖြင့် ဆိုးကျိုးရောဂါများဖြစ်စေနိုင်သည်ဟု ဆိုထားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်း သော အစားအသောက်များကို အများပြည်သူတို့စားသုံးရန်ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစား အသောက်များကို ဝယ်ယူစစ်ဆေးမှုများစဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိသည်ကို တွေ့ရပေသည်။ စားသုံးရန် မသင့်သော အစားအသောက်များကိုလည်း မကြာခဏသတိပေးကြေညာလျက်ရှိသည်။ အစားအသောက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့်လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ -၂၈(က)အရ တရားစွဲအရေးယူခံရမည်ဖြစ်သည်။
 ယခုအခါ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစားအသောက်များတွင် ဆိုးဆေးသုံးစွဲ ထုတ်လုပ်မှုပပျောက်ရေးဆိုင်ရာ ဒေသအလိုက်ဆောင်ရွက်လျက်ရှိသည်။ အများပြည်သူတို့ ဆေးဝါးသုံးစွဲရာတွင် လုံခြုံစိတ်ချရစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများအား ဝယ်ယူသုံးစွဲနိုင်မှုနှင့်ရောင်းချရန်စနစ်အရ အမျိုးအစားသုံးမျိုးခွဲခြားနိုင်သည်။ ဆရာဝန်ညွှန်ကြားချက်မလို အပ်သော OTC  ဆေးဝါးများ  OTC ဥပမာ-ဓာတ်ဆားထုတ်များ၊ အားဆေး၊ အဖျားပျောက်ဆေး၊ သာမန် အကိုက်အခဲပျောက်ဆေး၊ ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင်၍ လိုင်စင်ရဆေးဆိုင်များတွင် ဝယ်ယူခြင်း၊ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ  POM  သုံးစွဲရမည့် ဆေးဝါးများကို ဆရာဝန်ဆေးညွှန်းစာဖြင့် စနစ်တကျရောင်းချခြင်း၊ ထိန်းချုပ်ဆေးဝါးများကို ဆရာဝန်၏ ဆေးညွှန်စာဖြင့် ထိန်းချုပ်ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိသောဆိုင်များတွင် စနစ်တကျရောင်းချခြင်းဖြစ်သည်။ စပ်ဆေးမျာကို ဝယ်ယူသုံစွဲခြင်းမပြုလုပ်သင့် ပါ။ ဝယ်ယူလိုက်သည့်ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက်ကို ကြည့်ရှုစစ်ဆေးရန်လိုအပ်သည်။ ဆေးဝါး သုံးစွဲ၍ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနနှင့်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ‌ရေး ဦးစီးဌာနသို့ သတင်းပေးပို့ရပါမည်။  သုံးစွဲနေသည့်ဆေးဝါးများတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိခြင်း၊ သုံးစွဲနေကျ ဆေးဝါးများ၏ အရည်အသွေးကို သံသယဖြစ်ဖွယ်တွေ့ရှိခြင်း၊ ဆေးဝါးအတုဟု သံသဖြစ်ဖွယ်တွေ့ရှိသော်လည်း ကောင်းသတင်းပေးပို့တိုင်ကြားရန်လိုအပ်သည်။ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအသောက်များနှင့်ဆေးဝါးများသည် ပြည်သူများကျန်းမာသုခပြည့်ဝရေးတွင် အဓိကကျလျက်ရှိရာ ထုတ်လုပ်သူနှင့်စားသုံးသူများပါက အထူးသတိပြုဆင်ခြင်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ