နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေကူမြို့နယ်နှင့် ရေဦးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု

ရွှေကူ မေ ၁၂

မေ ၁၁ ရက်၊ နေ့လယ် ၃ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေကူမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး၊ ညောင်ကုန်း-နှုတ်ချိုကျေးရွာသွား ကားလမ်းပေါ်တွင် မင်းမင်းစိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ရုံဟွာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်ရှာဖွေရာ ယင်းတို့နှစ်ဦးထံမှ ဘိန်းဖြူ ၁ ဒသမ ၀၉ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မင်းမင်းစိုး(၁၉)နှစ်၊ ရုံဟွာ(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ မေ ၁၁ ရက်၊ ညနေ ၅ နာရီ  ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေဦးမြို့နယ်၊ ငြုတ္တုံကျေးရွာအနီး၊ မုံရွာ-ရေဦးသွားကားလမ်းတွင် နေလင်းမောင် (ခ)ကိုမောင် မောင်းနှင်ပြီး သက်နိုင်ဦးလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ဇော်လင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်ရှာဖွေရာ နေလင်းမောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် နေလင်းမောင်(ခ)ကိုမောင်(၃၉)နှစ်၊ သက်နိုင်ဦး(၃၈)နှစ်၊ ဇော်လင်း(၄၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ