နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး

ရန်ကုန် ဇန်နဝါရီ ၂၉


 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအားကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူတို့ အဆင်ပြေလာ၏။ လျှပ်စစ်ဓတ်အားအသုံးများလာသော နေအိမ်များတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများသုံးစွဲမှုများပြားလာပေ သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပြားလာသကဲ့သို့ လူမှုဘဝများလည်း တိုးတက်လာပေသည်။ ရန်ကုန်မြို့ တွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးနှိုးဆော်ချက်များ အသိပညာဖြန့်ဝေပေး လျက်ရှိသည်။

 အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်၊ မီးပလပ်များအား ရေစိုနေသောခန္ဓာကိုယ်၊ ရေစိုနေသော အဝတ် အစားဝတ်လျက် ကိုင်တွယ်မှုမပြုခြင်း၊ တမံသလင်းပြင်ပေါ်၌ ခြောက်သွေ့သောဖိနပ်စီးထားခြင်းမရှိဘဲ       လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအား ကိုင်တွယ်အသုံးမပြုခြင်း၊ လျှပ်စစ်ပစ္စည်းများကို ကလေးငယ်များ လက်လှမ်းမမီသောနေရာတွင် တပ်ဆင်အသုံးပြုခြင်း၊ နေအိမ်ရှိလျှပ်စစ်ပစ္စည်းများအား တစ်ပြိုင်နက်အသုံး မပြုခြင်း၊ ပျက်စီးနေသော မီးပလပ်၊ မီးခလုတ်များ၊ ဆေ့ဖ်ကတ်များအသုံးမပြုဘဲ အမြန်ဆုံးလဲလှယ်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတိပြုရမည့်အချက်များဖြစ်ပေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင်  ၆၆ ကေဗွီ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများ၊    Distribution  Transformer  များထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အားမနိုင်တော့သော ၁၁ ကေဗွီဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသောဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်း များနှင့်ဓာတ်အားဖြတ်တောက်မှုလျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများခုတ်တွင် ရှင်းလင်း ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပေသည်။

ယင်းလုပ်ငန်းများဆောင်ရွက်နေစဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့ရှိ ရပ်ကွက်အချို့ ၌ အဆိုပါလုပ်ငန်းလုပ်ကိုင်နေစဉ်အချိန်အတွင်း ယာယီဓာတ်အားပြတ်တောက်မှုအနည်းငယ်ရှိနိုင်သည်။     လျှပ်စစ်ဓတ်အားသုံးစွဲသူများအနေဖြင့် ယာယီဓာတ်အားပြတ်မှုရှိနေချိန်တွင် အသုံးပြုထားသော လျှပ်စစ် ပစ္စည်းများအား စနစ်တကျပိတ်ထားရန် လိုအပ်ပေသည်။ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်ပါက မလိုလား အပ်သော ဖြစ်စဉ်များဘေးမှ ကင်းဝေးမည်ဖြစ်သည်။

 လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းနေသော လျှပ်စစ်ကြိုးများကိုလဲလှယ်ခြင်း၊ လျှပ်စစ် ဒဏ်ခံကြိုးများသတ်မှတ်သည့် စံနှုန်းအတိုင်းတပ်ဆင်ရန်နှင့်ခံနိုင်အားထက် ပိုမထည့်သွင်းရန်၊ လျှပ်စစ်မီးဖို၊ မီးပူသုံးစွဲပြီး မီးပျက်လျှင်ခလုတ်ပိတ်ပြီးမှ ပလပ်ခေါင်းပြုတ်ရန် အသိပေးထားရာ လျှပ်စစ်ဓာတ်အားသုံးစွဲ သူများအနေဖြင့် ဆင်ခြင်လိုက်နာပူးပေါင်းကူညီစေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ