နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပြင်ဦးလွင် မေ ၁၂

မေ ၁၁ ရက်၊ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုးရပ်၊ ဇမ္ဗူဒီပါလမ်းတွင် မဇွဲ(ခ)ဂေါ်လေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ မော်တော်ဆိုင်ကယ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၇၆၄ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

ကွင်းဆက်အရ ညနေ ၆ နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ ယုဇနလမ်းတွင် စောသန်းနိုင် အား CROWN အမျိုးအစား မော်တော်ယာဉ်နှင့်အတူတွေ့ရှိသဖြင့် ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်ကောင်း ဆက်လက်၍ ည ၉ နာရီခွဲ အချိန်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ ဇမ္ဗူဒီပါလမ်းရှိ စောသန်းနိုင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အဆိုပါနေအိမ်အတွင်း မျိုးခန့်(ခ)အသေးလေးအားတွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁,၁၄၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မဇွဲ(ခ)ဂေါ်လေး(၂၂)နှစ်၊ စောသန်းနိုင် (၃၅)နှစ်၊ မျိုးခန့်(ခ)အသေးလေး(၁၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ