နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြင်းခြံမြို့နယ်၌ မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်၊ နေအိမ် ၇ လုံးဆုံးရှုံး

မြင်းခြံ မေ ၁၂

မေ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်၌ မြင်းခြံမြို့နယ်၊ တူရွင်းဘိုကျေးရွာနေ မမြင့်ဦး(၂၅)နှစ်၏  နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ မြင်းခြံခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်  ၅ စီး၊ မီးသတ်ရေသယ်ယာဉ် ၄ စီး စုစုပေါင်း မီးသတ်ယာဉ် ၉ စီး ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် မမြင့်ဦး(ဖမ်းမိ)အား မြင်းခြံနယ်မြေ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။  

ဆွေဦး






အခြားဆက်စပ်သတင်းများ