နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် (တိုင်ပေ)၏ လွတ်လပ်ရေးကြိုးပမ်းမှုမှာ စစ်ပွဲလိုလားသည့်အဓိပ္ပာယ်ဖြစ်ဟု တရုတ်နိုင်ငံ သတိပေး

ဘေဂျင်း  ဇန်နဝါရီ  ၂၉


တရုတ် (တိုင်ပေ)က တရုတ်နိုင်ငံမှခွဲထွက်ပြီး လွတ်လပ်သည့်နိုင်ငံတည်ထောင်ရန်ကြိုးပမ်းမှုမှာ စစ်ပွဲလိုလားသည့် အဓိပ္ပာယ်သက်ရောက်ကြောင်း တရုတ်နိုင်ငံက သတိပေးခဲ့သည်။ တရုတ်နိုင်ငံက တိုင်ပေကျွန်းအနီးတွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်ပြီး စစ်လေယာဉ်များ စေလွှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။


အမေရိကန်နှင့် တရုတ် (တိုင်ပေ)ကြားတွင်လည်း ရင်းနှီးသည့် ဆက်ဆံရေးရှိနေပြီး တရုတ် (တိုင်ပေ)၏ ကာကွယ်ရေးစွမ်းဆောင်မှုကိုပံ့ပိုးပေးမည်ဟု အမေရိကန်အစိုးရသစ်က ပြီးခဲ့သည့်ကြာသပတေးနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံက တရုတ် (တိုင်ပေ)ကို ခွဲထွက်ထားသည့် ပြည်နယ်တစ်ခုအဖြစ် သဘောထားပြီး တရုတ်(တိုင်ပေ)ကမူ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ခံယူထားသည်။


''တရုတ်(တိုင်ပေ)ရဲ့ လွတ်လပ်ရေးအင်အားစုတွေကို ပြောချင်တာကတော့ မီးနဲ့ကစားသူတွေက မီးလောင်ခံရမယ်ဆိုတာပါပဲ။ တရုတ် (တိုင်ပေ)ရဲ့ ကိုယ်ပိုင်လွတ်လပ်ရေးရယူမှုက စစ်ပွဲလိုလားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ'' ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝူချင်းက ပြောသည်။        

    


(KNT)






အခြားဆက်စပ်သတင်းများ