နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျော်ဂျီယာပြည်နယ် ကြက်သားစက်ရုံတွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့၍ လူခြောက်ဦး သေဆုံး

ဝါရှင်တန်  ဇန်နဝါရီ  ၂၉


အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ ကြက်သားစက်ရုံတွင် နိုက်ထရိုဂျင်အရည် စိမ့်ထွက်ခဲ့ခြင်းကြောင့် လူ ၆ ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က ဂိမ်းစ်ဗီးလ်မြို့ရှိ Foundation Food Group ကြက်သားစက်ရုံတွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုကြောင့် လူ ၁၂ ဦး ဆေးရုံတင်ခဲ့ရကြောင်း အရာရှိများက ပြောသည်။


ဆေးရုံတက်ရောက်ကုသမှုခံယူရသူများတွင် အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာသည့် မီးသတ်သမား ၃ ဦးလည်း ပါဝင်ခဲ့သည်။ ဂျော်ဂျီယာပြည်နယ်မှာ မွေးမြူရေးကြက်သားထုတ်လုပ်ရေး အဓိကလုပ်ကိုင်ရာ ပြည်နယ်ဖြစ်ပြီး ဂိမ်းစ်ဗီးလ်မြို့မှာ လုပ်ငန်းဗဟိုချက်ဖြစ်သည်။


ဂိမ်းစ်ဗီးလ်မြို့ရှိ ကြက်သားစက်ရုံများတွင် လူထောင်ချီအလုပ်လုပ်ကြသည်။ ကြက်သားစက်ရုံတွင် နိုက်ထရိုဂျင်ယိုစိမ့်မှုဖြစ်ပွားခဲ့သည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။                                                                                                        


(KNT)






အခြားဆက်စပ်သတင်းများ