နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ရောဂါဆိုင်ရာ ပိတ်ဆို့မှုစည်းမျဉ်းကြောင့် လက်ဘနွန်တွင် လေးညဆက်တိုက် ဆန္ဒပြပွဲများဖြစ်ပွား

ဘေရွတ်  ဇန်နဝါရီ  ၂၉


တင်းကျပ်သည့် ပိတ်ဆို့မှုစည်းမျဉ်းများနှင့်ပတ်သက်၍ ဆူပူအုံကြွမှုများ လေးညဆက်တိုက်ဖြစ်ပွား လျက်ရှိရာ လက်ဘနွန်နိုင်ငံမြောက်ပိုင်း ထရီပိုလီမြို့တွင် ဆန္ဒပြသူများက အစိုးရအဆောက်အအုံကို မီးတင်ရှို့ခဲ့ကြသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များကြား ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်ကြက်ခြေနီအဖွဲ့က ပြောသည်။


ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့သည်ဆိုသောဆန္ဒပြသူ အိုမာတေဘာ၏ ဈာပနအခမ်းအနားကို ပြီးခဲ့သည့် ကြာသပတေးနေ့ အစောပိုင်းက ကျင်းပခဲ့ရာ လူအများအပြားလိုက်ပါပို့ဆောင်ခဲ့ကြသည်။ လက်ဘနွန် နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်တက်လာခြင်းကို တားဆီးရန်အတွက် ယခုလအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။


မရှိမဖြစ် အရေးပါသည့်လုပ်သားများမှလွဲ၍ အခြားသူအားလုံးကို အိမ်ပြင်မထွက်ရန် တားမြစ်ထားရာ ပြည်သူများအနေဖြင့် စူပါမားကတ်များမှ လာပို့မည့် စားစရာများကိုသာ အားထားနေရသည်။ လူဦးရေ၏ ၃ ပုံ၊ တစ်ပုံ အလုပ်လက်မဲ့ဖြစ်ပြီး အများအားဖြင့် ကျပန်းအလုပ်ကို မှီခိုအားထားနေရသည့် လက်ဘနွန်နိုင်ငံတွင် ယခုကဲ့သို့ ပိတ်ဆို့မှုကြောင့် လူအများအပြားမှာဝင်ငွေမရှိသည့်အခြေအနေကြုံနေရသည်။                  


(KNT)






အခြားဆက်စပ်သတင်းများ