နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ဝန်ဖျက်ချမှု လုံးဝနီးပါးပိတ်ပင်သည့် ဆုံးဖြတ်ချက် စတင်အကျုံးဝင်လာ၍ ပိုလန်နိုင်ငံတွင် ဆန္ဒပြပွဲများ ကျင်းပ

ဝါဆော  ဇန်နဝါရီ  ၂၉


ကိုယ်ဝန်ဖျက်ချမှုကို လုံးဝနီးပါးပိတ်ပင်သည့် အငြင်းပွားဖွယ်ပြဋ္ဌာန်းချက်မှာ ကြာသပတေးနေ့နံနက်မှ စတင်၍အကျုံးဝင်ခဲ့ကြောင်း ပိုလန်အစိုးရက ကြေညာခဲ့သည်။ ပြီးခဲ့သည့်အောက်တိုဘာလက ကိုယ်ဝန်ဖျက်ချမှုကို လုံးဝနီးပါးပိတ်ပင်ခွင့်ပြုကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ဆန္ဒပြပွဲများ အကြီးအကျယ်ပေါ်ပေါက်ခဲ့သည်။


ယခုအခါတွင် အဓမ္မကျင့်ခံရခြင်း၊ သွေးသားချင်း ပေါင်းသင်းမှုကြောင့် ကိုယ်ဝန်ရခြင်း၊ မိခင်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်းစသည့် အခြေအနေမျိုးအတွက်သာ ကိုယ်ဝန်ဖျက်ချခွင့်ပြုမည်ဖြစ်သည်။ ပိုလန်နိုင်ငံသားအများအပြားက တင်းကျပ်သည့်ပိတ်ပင်မှုကိုဆန့်ကျင်ခဲ့ပြီး ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ညက ပိုလန်နိုင်ငံမြို့အများအပြားတွင် ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။


ဇန်နဝါရီလ ၂၉ ရက်နှင့် ၃၀ ရက်များတွင်လည်း ပိုလန်နိုင်ငံမြို့တော် ဝါဆောမြို့တွင် ဆန္ဒပြပွဲများ အကြီးအကျယ်ကျင်းပရန် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့်အောက်တိုဘာလက အခြေခံဥပဒေတရားရုံး၏ဆုံးဖြတ်ချက်တွင် သန္ဓေသားအနေဖြင့် အလွန်ဆိုးရွားပြီး ပြုပြင်မရသည့် ချွတ်ယွင်းချက်များရှိပါက ကိုယ်ဝန်ဖျက်ချနိုင်သည်ဆိုသည့် ၁၉၉၃ ခုနှစ် ဥပဒေမှာ အခြေခံဥပဒေနှင့် မညီကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။


၂၀၁၉ ခုနှစ်က ပိုလန်နိုင်ငံ၏ ကိုယ်ဝန်ဖျက်ချမှု ၉၈ ရာခိုင်နှုန်းမှာ အဆိုပါအခြေအနေကြောင့်လုပ်ဆောင်ခဲ့ရခြင်းဖြစ်ရာ အခြေခံတရားရုံး၏ ပိတ်ပင်မှုမှာ ကိုယ်ဝန်ဖျက်ချမှု အများစုကိုပိတ်ပင်ရာရောက်စေခဲ့သည်။                                                                                      


(KNT)






အခြားဆက်စပ်သတင်းများ