နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၆၅ နှစ်အောက် အရွယ်ရှိသူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် ဂျာမနီကာကွယ်ဆေးကော်မတီ ပြော

ဘာလင်  ဇန်နဝါရီ  ၂၉


အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၆၅ နှစ်အောက် အရွယ်ရှိသူများကိုသာ ထိုးနှံပေးသင့်သည်ဟု ဂျာမနီနိုင်ငံကာကွယ်ဆေးကော်မတီက ပြောသည်။ အသက် ၆၅ နှစ်အထက် အရွယ်ရှိသူများတွင် ကာကွယ်ဆေးအာနိသင်ထက်မြက်မှုကို သက်သေပြနိုင်ရန် လုံလောက်သည့်အချက်အလက်မရှိကြောင်း ကာကွယ်ဆေးကော်မတီက ပြောသည်။


AstraZenica ကာကွယ်ဆေး၏ အာနိသင်ထက်မြက်မှုနှင့်ပတ်သက်၍ သက်ကြီးရွယ်အိုအနည်းငယ် ကိုသာ လေ့လာဆန်းစစ်မှုပြုလုပ်ထားကြောင်း ဥရောပသမဂ္ဂ၏ စည်းမျဉ်းထိန်းသိမ်းသူများက ပြောသည်။ ဥရောပနိုင်ငံများတွင် ကာကွယ်ဆေးပြတ်လပ်မှုများရင်ဆိုင်နေရပြီး ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်၏ အရှိန်အဟုန်နှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်နေချိန်တွင် ဂျာမနီနိုင်ငံက ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


ဥရောပအခြေစိုက်ကာကွယ်ဆေးထုတ်လုပ်သည့်စက်ရုံများတွင် ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ဥရောပသမဂ္ဂအတွက် ကတိပြုထားသည့် ကာကွယ်ဆေးအရေအတွက် ပို့ဆောင်ပေးနိုင်ဦးမည်မဟုတ်ဟု ဗြိတိန်နိုင်ငံအခြေစိုက် AstraZeneca ကုမ္ပဏီကဆိုသည်။


သို့သော် AstraZeneca အနေဖြင့် ပေးထားသည့်ကတိကို တည်အောင်စောင့်ထိန်းပြီး ဗြိတိန်နိုင်ငံအတွက် ပေးအပ်မည့် ကာကွယ်ဆေးများကို ယင်းတို့ထံ ပို့ဆောင်ပေးသင့်သည်ဟု ဥရောပသမဂ္ဂက တုံ့ပြန်ခဲ့သည်။ Pfizer-BioNTech ကုမ္ပဏီမှာလည်း ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံထံ ပို့ဆောင်သည့် ကာကွယ်ဆေးပမာဏကို လျှော့ချခဲ့သည်။                                                                                  


(KNT)






အခြားဆက်စပ်သတင်းများ