နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ်တွင်Box Culvert ၃၂ စင်းနှင့် တံတားတစ်စင်း တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်ခွင့်ပြု ရန်ပုံငွေဖြင့်လမ်းကူးကွန်ကရစ်တံတားBox Culvert ၃၂ စင်းနှင့်တံတားတစ်စင်းတည်ဆောက်မည်ဟုသိရှိရသည်။ ယခုအခါ Box Culvert ၁၆ စင်း နှင့် အမှတ် ၈ ရပ်ကွက်တွင် ပဒုမ္မာလမ်းနှင့်ဗန္ဓုလမ်းတို့ကို ဆက်သွယ်ထား သောအရှည်ပေ ၄၀၊ အကျယ် ၁၈ ပေ၊ အမြင့် ၁၅ ပေရှိ ဥက္ကံချောင်းကူးတံတားတစ်စင်း(ဓာတ်ပုံ)တည်ဆောက် ပြီးစီးနေပြီးအမှတ်(၅)(၉)(၁၁)ရပ်ကွက်တို့၌ Box Culvert တစ်စင်းစီ တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လမ်းကူးရာတွင် အဆင်ပြေစေရန် ရေစီးရေလာ ကောင်းမွန်စေရန် ကူးစက်ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက မတ်လ ၃၁ ရက်က ပြောသည်။ ကိုကျော်သုံးခွ






အခြားဆက်စပ်သတင်းများ