နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည်ပြည့်မြဲစွမ်းအင်

ရန်ကုန် ဇွန်  ၂၈

 ကျွန်ုပ်တို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် လိုအပ်သော စွမ်းအင်အမျိုးမျိုးနှင့်လောင်စာများ ရေရှည်စဉ်ဆက်မပြတ်ရရှိရန် နည်းလမ်းများ၊ သဘာဝဓာတ်ငွေ့လိုအပ်ချက်များကို  LNG    ဖြင့်  ဖြည်ဆည်း ခြင်းနှင့်ပတ်သက်သည့် နည်းပညာနှင့်စီးပွားရေးအချက်အလက်များသည် လျှပ်စစ်ဓတ်အားထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလရှည်စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူပြုမည်ဖြစ်ပေ သည်။ ကမ္ဘာကြီးသည် လွန်ခဲ့သော ရာစုနှစ်များကထက်ပို၍ ပူနွေးလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် ကြီးသည် ကမ္ဘာတစ်ခွင်တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည်ကိုအချိန်နှင့်တစ်ပြေးညီ တွေ့မြင်နေရပေ သည်။

သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထားရာအကျိုးပြုရာ ဝန်းကျင်ကောင်းဖြစ်ပါ သည်။ သဘာဝပတ်ဝန်းကျင်မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှအစလိုအပ်ချက်ကိစ္စ အဝဝကို ဖြည့်စွမ်းပေးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်မှ ရေစွမ်းအင် ကို အဓိကထုတ်ယူအသုံးပြုကြသည်။ ရေမှရသော ရေအားလျှပ်စစ်စွမ်းအင်သည် လူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေသည်။

နိုင်ငံ၏လူဦးရေ၊ မြို့ပြအသုံးအဆောင်နှင့်စက်မှုလုပ်ငန်းများ တစ်နေ့တခြား တိုးပွားလျက် ရှိသည်။ တိုးပွားလာသည့်အနေအထားကို ဖြည့်စွမ်းရာ၌ လျှပ်စစ်ဓာတ်အားထုတ်ယူမှုများသည် သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေရေးအတွက် ရေရှည်စဉ်းစားရမည့်အချက်ဖြစ်ပေသည်။
ထိုနေရာ၌ ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါလှပေသည်။ လေစွမ်းအင်၊ နေစွမ်းအင်၊ ဇီဝနှင့်စွန့်ပစ် လောင်စာတို့သည် သဘာဝအလျောက်ထုတ်ယူမကုန်သည့် စွမ်းအင်များဖြစ်ပေသည်။ ထိုစွမ်းအင်များထုတ်ယူ ရန် အရင်းအနှီးနှင့်နည်းပညာ ကျွမ်းကျင်မှုလိုအပ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် လူသားတို့ အလိုရှိသောအရာအားလုံးပေးနိုင်စွမ်းရှိ၏။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁) ကြိမ် အစည်း အဝေးတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အိမ်ရာအဆောက်အုံကဏ္ဍနှင့်ဝန်ဆောင် မှု ကဏ္ဍအလိုက် လုပ်ငန်းသစ်  ၁၄ ခုနှင့်ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခု၏ မတည်ငွေရင်း တိုးမြှင့် ခြင်းကို ခွင့်ပြုခဲ့သည်။ ခွင့်ပြုခဲ့သည့်လုပ်ငန်းများတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ ဆောင်ရွက်မည့် ၄၀ မဂ္ဂါဝပ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓတ်အားထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းလည်းပါဝင်သည်။  

ယင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများသည် ၂၀၃၀ ပြည့်နှစ် နိုင်ငံတော်ဓာတ်အားစနစ်မှတစ်နိုင်ငံလုံး ရာနှုန်းပြည့်လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ဦးတည် ချက်အား အထောက်အကူပြုမည်ဖြစ်သည်။
 ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်၊ စွမ်းအင်လည်းလုံလောက်စေမည့် ပြန်လည် ပြည့်မြဲစွမ်းအင်များထုတ်ယူနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ