နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို မကျေနပ်သူများက ပြည်တွင်းအကြမ်းဖက်မှုလုပ်နိုင်ဟု သတိပေးထား

ဝါရှင်တန် ဇန်နဝါရီ  ၂၈


နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို မကျေမနပ်ဖြစ်နေသူများက ပြည်တွင်းအကြမ်း ဖက်မှုလုပ်နိုင်ခြေများသည်ဟု အမေရိကန်နိုင်ငံလုံခြုံရေးအကြီးအကဲများက သတိပေးထားသည်။ သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်ကို ထောက်ခံအားပေးသူများက ဇန်နဝါရီလ ၆ ရက်တွင် လွှတ်တော် အဆောက်အအုံကို စီးနင်းတိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်မှာ အစွန်းရောက်သမားအချို့ကို အားပေးအားမြှောက် လုပ်ရာရောက်နိုင်သည်ဟု အမေရိကန်နိုင်ငံပြည်တွင်းလုံခြုံရေးဌာနက ပြောသည်။


အစိုးရအာဏာရယူမှုနှင့်ပတ်သက်၍ မကျေနပ်သူများ၏ ခြိမ်းခြောက်မှုရှိနိုင်သည်ဆိုသော်လည်း လက်ရှိ အချိန်အထိ ပြည်တွင်းအကြမ်းဖက်မှုလုပ်ရန် အကွက်ချစီစဉ်နေသည်ဆိုသည့် သတင်းအချက်အလက်မရရှိ သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်အနိုင်ရခြင်းကိုအတည်ပြုရန် လွှတ်တော် ၂ ရပ် တွေ့ဆုံဆွေးနွေး မည့် အချိန်တွင် ဒေါ်နယ်ထရမ့်ကို ထောက်ခံအားပေးသူများက လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒေါ်နယ်ထရမ့်ကို ဆူပူအုံကြွရန် လှုံ့ဆော်မှုဖြင့် အောက်လွှတ်တော်က ပြစ်တင် စွပ်စွဲထားပြီး လာမည့်လတွင် အထက်လွှတ်တော်၌ ယင်းကို စုံစမ်းစစ်ဆေးမည်ဖြစ်သည်။                 


(KNT)






အခြားဆက်စပ်သတင်းများ