နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်တွင် ကျင်းပမည့် ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာမြေအတွက် နောက်ဆုံးအခွင့်အရေးဟု ဂျွန်ကယ်ရီ ဆို

ဝါရှင်တန် ဇန်နဝါရီ  ၂၈


လာမည့်နိုဝင်ဘာလတွင်  ဗြိတိန်နိုင်ငံ၌ ကျင်းပမည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာမြေအတွက် အဆိုးရွားဆုံးရာသီဥတုဖြစ်စဉ်များ မကြုံတွေ့အောင် ရှောင်လွှဲနိုင်ရန် နောက်ဆုံးရရှိသည့် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း အမေရိကန်နိုင်ငံ ရာသီဥတုဆိုင်ရာ သံတမန် ဂျွန်ကယ်ရီက ပြောသည်။
ရာသီဥတုပြောင်းလဲမှုကိုမယုံကြည်ခဲ့သည့် သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်လက်ထက်တွင် ရာသီဥတု အရေးအတွက် ဆောင်ရွက်ရန် နှစ်ကာလများ အလဟဿဖြစ်ခဲ့သည်ဟု ဂျွန်ကယ်ရီက ဆိုသည်။


စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့တွင် ကျင်းပမည့် COP26 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင် ဒါဇင်ပေါင်းများစွာ တက်ရောက်မည်ဖြစ်သည်။ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်မှာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်အတွက် ညွှန်ကြားချက်အမိန့်အများအပြားကို လက်မှတ်ရေးထိုးခဲ့သည်။


ဂျိုးဘိုင်ဒင်၏ ယခုနောက်ဆုံးညွှန်ကြားချက်အမိန့်များတွင် အများပြည်သူဆိုင်ရာ မြေယာများကိုရေနံနှင့် ဓာတ်ငွေ့ထုတ်ယူရန် ငှားရမ်းမှုစာချုပ်သစ်များမချုပ်ဆိုရန်၊ ၂၀၃၀ ပြည့်နှစ်တွင် ကမ်းလွန်လေအား လျှပ်စစ်ထုတ်လုပ်မှုကို ၂ ဆတိုးမြှင့်ဆောင်ရွက်ရန် ချမှတ်ထားသည်။ ဂျိုးဘိုင်ဒင်မှာ ယင်း၏ သမ္မတ သက်တမ်းတွင် ပထမဆုံးလုပ်ဆောင်ချက်တစ်ရပ်အနေဖြင့် အမေရိကန်နိုင်ငံကို ၂၀၁၆ ခုနှစ် ပါရီရာသီဥတု သဘောတူညီချက်တွင်ပြန်လည်ပါဝင်စေခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာ၌ အမေရိကန်နိုင်ငံက ဦးဆောင်ရမည်ဟု ဆိုခဲ့သည်။                                                                                                      


(KNT)






အခြားဆက်စပ်သတင်းများ