နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အန္တရာယ်အများဆုံး botnet ကို နိုင်ငံတကာရဲတပ်ဖွဲ့က ဖြုတ်ချပြီး ကွန်ပျူတာထောင်ချီ သိမ်းဆည်း

လန်ဒန်  ဇန်နဝါရီ  ၂၈


နိုင်ငံတကာရဲတပ်ဖွဲ့က ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး botnet (ပိုင်ရှင်များမသိဘဲ ထိန်းချုပ်ခံ ထားရသည့် ကွန်ပျူတာကွန်ရက်)ကို ဖြုတ်ချနိုင်ခဲ့ပြီး ကွန်ပျူတာထောင်ပေါင်းများစွာကို သိမ်းဆည်းခဲ့သည်။ Banking trojan (အွန်လိုင်းဘဏ်လုပ်ငန်းစနစ်မှတစ်ဆင့် လျှို့ဝှက်အချက်အလက်များခိုးယူရန် ရည်ရွယ် သည့် ပရိုဂရမ်)တစ်ခုအဖြစ် စတင်ခဲ့သည့် Emotet ကွန်ရက်မှာ အန္တရာယ်ဖြစ်စေသည့် အီးမေးလ်များ ပေးပို့ကာ ကွန်ပျူတာများကို ပိုင်ရှင်မသိအောင် ဝင်ရောက်ထိန်းချုပ်လေ့ရှိသည်။


ထို့နောက်တွင် အဆိုပါကွန်ပျူတာများ ထိန်းချုပ်ခွင့်ကို ဒုစရိုက်သမားများထံရောင်းစားလေ့ရှိပြီး ဒုစရိုက် သမားများက ကွန်ပျူတာများထဲသို့ အန္တရာယ်ပိုများသည့် malware ထည့်သွင်းကာ အချက်အလက်များ ခိုးယူခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါနိုင်ငံများ၏ ရဲတပ်ဖွဲ့များ ပူးပေါင်းပြီး Emotet ကို ရှင်းလင်းဖယ်ရှားခဲ့ခြင်းဖြစ်သည်။ Emotet မှာ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အထင်ရှားဆုံး botnet တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာစနစ်များထံ အဓိကဖောက်ထွင်းဝင်ရောက်နေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ဥရောပရဲတပ်ဖွဲ့က ပြောသည်။


''Emotet ကို ဖန်တီးခဲ့သူ၊ သူ့ကို ပံ့ပိုးကူညီနေသူတွေကိုဖမ်းမမိခဲ့ပါဘူး။ ဒါပေမဲ့ သူတို့က ပြန်တည် ဆောက်နိုင်ဖို့တော့မရှိတော့ပါဘူး။ သူတို့က အေးအေးဆေးဆေးနေနိုင်မယ့် ငွေကြေးပမာဏရှိနေပါပြီ။ ဒါမှမဟုတ်လည်း နောက်ထပ်ဒုစရိုက်ပုံစံသစ်တစ်မျိုးလုပ်မှာပေါ့။ botnet တစ်ခုလည်ပတ်နိုင်ဖို့ဆိုတာ ရှုပ်ထွေးပြီးသိမ်မွေ့နက်နဲပါတယ်။ အခြေခံအဆောက်အအုံတစ်ဝက်လောက် အလုပ်မလုပ်တော့ဘူးဆိုရင် botnet တစ်ခုလုံးကိစ္စပြတ်ပြီလို့ပြောနိုင်ပါတယ် '' လို့ Recorded Future ဆိုက်ဘာလုံခြုံရေးကုမ္ပဏီအရာရှိ စမီလ်ယာနက်က ပြောသည်။                                                                                                      


(KNT)






အခြားဆက်စပ်သတင်းများ