နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနိုင်ငံရှိ ဗလီနှစ်လုံးတွင် မွတ်စလင်များကိုသတ်ရန် အကွက်ချစီစဉ်ခဲ့သည်ဟုဆိုကာ ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီး

စင်ကာပူ  ဇန်နဝါရီ  ၂၈


ခရစ်ချာ့ချ်ဗလီတိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့တွင် ဗလီနှစ်လုံး၌ မွတ်စလင်များကိုသတ်ရန် အကွက်ချ စီစဉ်ခဲ့သည်ဟုဆိုကာ စင်ကာပူနိုင်ငံတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်း ထားသည်။ ခရစ်ချာ့ချ်ဗလီတွင် လူအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်ခဲ့သူ ဘရင်တန်တာရန့်ကို အားကျအတုယူသည့် ဆယ်ကျော်သက်လူငယ်မှာလူများကို ဓားဖြင့်ထိုးသတ်ကာတိုက်ခိုက်မှုကို တိုက်ရိုက် ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်ဟု ဆိုသည်။


အဆိုပါလူငယ်မှာ ရုံးတင်စစ်ဆေးရန်မလိုဘဲ ဖမ်းဆီးထိန်းသိမ်းခွင့်ရသည့် ပြည်တွင်းလုံခြုံရေးအက်ဥပဒေ ဖြင့် ဖမ်းဆီးခံရသည့် အသက်အငယ်ဆုံးလူငယ်ဖြစ်လာခဲ့သည်။ ယင်း၏အမည်ကို ခွဲခြားဖော်ပြခဲ့ခြင်းမရှိ သော်လည်း အိန္ဒိယမျိုးနွယ်ဖွားပရိုတက်စတင့်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး အစ္စလာမ်ဘာသာကို အလွန်မုန်းတီးသူဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များကိုသဘောကျသူဖြစ်ကြောင်း စင်ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြသည်။


ခရစ်ချာ့ချ်ဗလီတိုက်ခိုက်ခံရမှုမှာ နယူးဇီလန်နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်သည်။ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်တွင် ဘရင်တန်တာရန့်က ဗလီနှစ်လုံး၌ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လူ ၅၁ ဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဘရင်တန်တာရန့်ကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့်မရှိဘဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။                                                    


(KNT)







အခြားဆက်စပ်သတင်းများ