နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၃/၄)နှင့်(၁၉၃/၅) အကြားတွင် ယာဉ်တိုက်ဖြစ်ပွား

နေပြည်တော်၊ ဇန်နဝါရီ  ၂၇

   ဇန်နဝါရီ ၂၄ ရက်၊ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်  နေပြည်တော်၊ ဒကိ္ခဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၃/၄)နှင့်(၁၉၃/၅) အကြားတွင် ရန်ကုန်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ကိုသူမိုး(ခ)ကောင်းဘွိုင် မောင်းနှင်သည့် ကြက်သားပေါက်များ တင်ဆောင်လာသော (MDY-2L/xxxx) Canter ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ လယ်ဝေးမြို့နယ်၊ ရဘိန်းကျေးရွာမှ သက္ကယ်ကျင်းကျေးရွာသို့ ယာဉ်မောင်း သန်းဇော်မောင်းနှင်သည့် ထင်းများတင်ဆောင်လာသော ယာဉ်အမှတ် (မရှိ) Faw အမျိုးအစားယာဉ်အား နောက်မှဝင်ရောက်တိုက်မိပြီး (MDY-2L/xxxx) Canter ယာဉ်မှ ယာဉ်မောင်း သည် ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း သတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် များသည် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါယာဉ်တိုက်မှုကြောင့်  (MDY-2L/xxxx) Canter ယာဉ်မှ ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး စုစုပေါင်း ၂ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ကိုသူမိုး(ခ)ကောင်းဘွိုင် အား ပလွေးအမြန်လမ်းမကြီးရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ