နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ကြီးတံခွန်မြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွား

မန္တလေး ၊ ဇန်နဝါရီ  ၂၇

  ဇန်နဝါရီ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီအချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ တံခွန်တိုင်ဈေးတန်းရပ်၊ ရောင်ခြည်ဦးလမ်း၊ အိမ်အမှတ်(၆/၃၀)ပိုင်ရှင် ဦးသန်းထွန်းဦး၏ မြချယ်ရီ ခေါက်ဆွဲဆိုင်တွင် လူစောင့်မရှိဘဲ လျှပ်စစ်မီးပူဖွင့်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးကူးစက်လောင်မှု ဖြစ်ပွားကြောင်း သိရသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များ သည် မီးသတ်ယာဉ် ၁၂ စီးဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၆ မိနစ်အချိန်တွင်  မီးငြိမ်းသွားခဲ့ပါသည်။

 အဆိုပါမီးလောင်မှုကြောင့် ခေါက်ဆွဲဆိုင် အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးသန်းထွန်းဦးအား ပြည်ကြီးတံခွန်မြို့နယ်၊ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
 ဇန်နဝါရီ ၂၄ ရက်၊ ညနေ ၃ နာရီခွဲအချိန်ခန့်၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှိုင်လှုံ ကျေးရွာအုပ်စု၊ နှိုင်လှုံကျေးရွာနေ ပိုင်ရှင်ဦးမြင့်ဝေ၏ ကျိုက်ကာကျေးရွာရှိ ရော်ဘာခြံတွင် အမှိုက်များ မီးပုံရှို့ရာမှ အနီးရှိ ရော်ဘာစိုက်ခင်းသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသဖြင့် မုဒုံမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၈ စီးဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
 အဆိုပါ မီးလောင်မှုကြောင့် ရော်ဘာစိုက်ခင်း ဧက ၂၀ ကျော် အပင် ၄၀၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးမြင့်ဝေအား မုဒုံမြို့မစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ