နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြို့နယ်အတွင်း Mobile Market ရွေ့လျားဈေးကားများဖြင့် သန့်ရှင်းလတ်ဆတ်သော သား / ငါးနှင့် ကုန်ပစ္စည်းများအား လှည့်လည်ရောင်းချ ပေး

ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြိူ့တော်စည်ပင် သာယာရေးကော်မတီ နှင့် မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့်ညီနောင်အသင်းလုပ်ငန်းရှင်များပူးပေါင်း၍ COVID - 19 ကပ်ရောဂါ ကာလအတွင်းပြည်သူများဝေလံသောဈေးများသို့သွားရောက်ဝယ်ယူရန်မလိုဘဲ COVID - 19 ကပ်ရောဂါအထိုက်အလျောက်ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်သန့်ရှင်း လတ်ဆတ်သော သားငါးနှင့် ကုန်ပစ္စည်းများအားမြို့နယ်အရောက် Mobile Marketဈေးကား ရှစ် စီးဖြင့်ယနေ့နံနက်၇နာရီိက လှိုင်မြို့နယ်အင်းစိန်လမ်းမကြီးရှိ လှိုင်သီရိအိမ်ရာ၌လည်း ကောင်း၊ပါရမီလမ်းနှင့်မင်းဓမ္မလမ်းထောင့် ရှိမင်းဓမ္မပညာ့ရိပ်သာ အိမ်ရာ၌လည်းကောင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး နှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး တို့မှတာဝန်ရှိသူများကအနီးကပ်ကြီးကြပ်ကာ စနစ်တကျရောင်းချပေးခဲ့ကြောင်းသိရသည်။

ယနေ့ရောင်းချပေးသောဈေးကားများတွင်စားသောက်ကုန်များ ဖြစ်သည့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုတ်ပိုးပြီးငါးပုဇွန်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ ဘဲဥ နှင့် စားသုံးဆီများ ပါဝင်ပြီးလူတန်းစားမရွေးလက်လီရောင်းချပေးခဲ့ကြောင်းသိရသည်။

 အဆိုပါ COVID - 19 ကပ်ရောဂါအထိုက်အလျောက်ထိန်းချုပ်ကာကွယ် နိုင်ရေးအတွက်Mobile Market ရွေ့လျားဈေးကားများဖြင့် စက်တင်ဘာ၂၆ရက်နေ့မှစတင်၍ မြို့နယ်အရောက် သန့်ရှင်းလတ်ဆတ်သော သားငါးနှင့် ကုန်ပစ္စည်းများအား လှည့်လည်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ