နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သံဖြူဇရပ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်− ၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

 သံဖြူဇရပ်   ဇန်နဝါရီ  ၂၇


မွန်ပြည်နယ် ၊  မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉  ကာကွယ်ဆေးထိုးနှံခြင်းကို  ဇန်နဝါရီ ၂၇ ရက်   နံနက်   ၉ - နာရီခန့်မှစတင်ကာ  မြို့နယ်ပြည်သူ့ဆေးရုံ  အစည်းအဝေးခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများကို စတင်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ  ကိုဗစ် - ၁၉  ကာကွယ်ဆေးအစီအစဉ်တွင်  COVISHIELD  ကာကွယ်ဆေးကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာ မင်းသန့်ဇင်က  ကာကွယ်ဆေး စတင်ထိုးနှံမှုခံယူပြီးနောက်    မြို့နယ်အတွင်း  ကုသရေး ဦးစီးဌာနအောက်ရှိ မြို့နယ်နှင့်တိုက်နယ်ဆေးရုံမှဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အောက်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း     အဖွဲ့အစည်း အဖွဲ့ဝင်များ၊စုစုပေါင်း (၂၄၀) ဦးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ (၂)ရက်တာ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ(အခြေခံကျန်းမာ) ဒေါက်တာ အောင်ထက်ကောင်းထံမှ သိရသည်။


အေးအေးသီ






အခြားဆက်စပ်သတင်းများ