နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံမြို့နယ်အတွင်းသို့ (Mobile Market) စနစ်ဖြင့် သန့်ရှင်း လတ်ဆတ်သော သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို လှည့်လည်ရောင်းချလျက်ရှိ

ရန်ကုန်၊  ဇန်နဝါရီ   ၂၇


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းလုပ်ငန်းရှင်များ ပူးပေါင်း၍ မြို့နယ်၊ ရပ်ကွက်အရောက် Mobile ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိရာ ယနေ့နံနက်တွင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု သင်္ဃန်းကျွန်းရပ်ကွက် အောင်စည်းခုံဘုရားဝင်းအတွင်း

တိုးချဲ့ရပ်ကွက် လမ်းသစ်လမ်း အ-ထ-က (၁၂) ကျောင်းရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ COVID ကာလအတွင်း မြို့တော်နေပြည်သူများ၏ ကျန်းမာရေးကို ထောက်ရှု၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စစ်မှန်သောစေတနာဖြင့် စားသုံးသူပြည်သူများ ဈေးသက်သာစွာနှင့် သက်တောင့်သက်သာ ဝယ်ယူစားသုံးနိုင်စေရန်၊ မြို့နယ်အတွင်း လိုက်လံရောင်းချခြင်းဖြင့် ဈေးများ တွင် လူသိပ်သည်း မှုမရှိစေရန်၊ စားသုံးသူပြည်သူများကို COVID ကာလအတွင်း စိတ်ချမ်းမြေ့စွာ ဝယ်ယူစားသုံးနိုင်စေရန်၊ ပြည်သူများမိမိနေအိမ်မှ အဝေးပြင်ပရှိဈေးများသို့ သွားရောက်ဈေးဝယ်ယူ စရာမလိုဘဲ ဈေးကား၌ လိုအပ်သည့်မီးဖိုချောင်သုံး စားသုံးကုန်ပစ္စည်းများကို ဝယ်ယူရရှိနိုင်စေရန် နှင့် တစ်ဖက်တစ်လမ်းအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကိုအထိုက် အလျောက် ကာကွယ်နိုင်ရန် တို့ ကို ရည်ရွယ်၍ ယခုလို လိုက်လံရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ရောင်းချသော ရောင်းကုန်များသည် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုပ်ပိုးထားပြီး ရေချို/ရေငန် ငါး၊ ပုဇွန်အမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီး ဟင်းရွက်နှင့် မီးဖိုချောင်သုံးကုန်ခြောက်ပစ္စည်းမျိုးစုံတို့ကို လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်စေ ရန် ဈေးနှုန်းသက်သာစွာဖြင့် လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။

ယခုလို လာရောက်ရောင်းချပေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဈေးလာရောက်ဝယ်ယူကြသော ပြည်သူများအား ယခုလက်ရှိဖြစ်ပေါ်နေသာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ဈေးဝယ်သူ၊ ဈေးရောင်းသူများ လူစုလူဝေးမဖြစ်ပေါ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆) ပေအကွာမှနေ၍ တန်းစီစနစ်ဖြင့် စနစ်တကျဝယ်ယူအားပေးကြရန်အတွက် အသံချဲ့စက်နှင့် Hand Speaker တို့ဖြင့် လိုက်ပါအသိပေးခြင်း၊ လူကိုယ်တိုင်အနီးကပ်နေ၍ သတိပေးခြင်းများကိုလည်း လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ