နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပျစ်သီးက နှလုံးကျန်းမာရေးကို အထောက်အကူပြု

ရန်ကုန် ဇန်နဝါရီ ၂၇


စပျစ်သီးအခွံနှင့် အစေ့ထဲရှိ Flavonoids (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ဗီတာမင် C တို့ သည် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော HDL ကိုလက်စထရော ပမာဏကိုမြှင့်တင်ပေးခြင်း၊ မကောင်းသော LDL ကိုလက်စထရောကိုချပေးခြင်း၊ သွေးလွှတ်ကြောများတွင်အနယ်အနှစ်ထိုင်ကာအဆီပိတ်ဆို့ခြင်း၊ သွေးလွှတ်ကြောနံရံများမာကြောခြင်း၊ ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးခြင်း  စသည့်ကျန်းမာရေးအာနိသင် အစွမ်းသတ္တိများစပျစ်သီးထဲတွင် ပြည့်စုံလုံလောက်စွာပါရှိနေခြင်းတို့ ကြောင့်နှလုံးကိုတစ်ဖက်တစ်လမ်းက ကောင်းကျိုးပြုသည်။ စပျစ်သီးနှင့်ပက်သတ်၍ အနှစ် ၂၀ ကျော် သုတေသနပြုခဲ့ရာ၊ ပြင်သစ်နိုင်ငံ၏နေ့စဉ်အစားအစာ မီနူးစာရင်းထဲတွင် အနီရောင်စပျစ်ဝိုင်ကိုသောက်သုံးလေ့ရှိသော ပြင်သစ်လူမျိုးများသည် ကမ္ဘာပေါ်တွင် နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးဆုံးဟု ဖော်ပြထားသည်။ သို့သော် ဝိုင်အရက်များသောက်သုံးလေ့မရှိသော မြန်မာလူမျိူးများက စပျစ်သီးကို အခွံရောအစေ့ပါ ဝါးစားမြိုချခြင်းဖြင့် အစာအိမ်ထဲကသဘာဝ အက်ဆစ်က Y east သဖွယ်အလုပ်လုပ်ရေးရာ၊ ဝိုင်သောက်သကဲ့သို့အကျိုးအာနိသင်ဖြစ်ပေါ်လာပြီး နှလုံးရောဂါဖြစ်မလာနိုင်အောင် ကြိုတင်ကာကွယ်ရာရောက်ပါသည်။ ထို့ကြောင့် စပျစ်သီးစားရာတွင် အခွံအစေ့အားလုံးကို ကျေညက်အောင်ဝါးစားပါ။ စပျစ်သီးအနီရောင်ရင့်လေ ကျန်းမာရေးအာနိသင် ပိုထူးလေ ဖြစ်ပါသည်။


ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ