နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်ကမ်းထိန်းနံရံတည်ဆောက်ရန် ကြည့်ရှုစစ်ဆေး

မန္တလေး ဇန်နဝါရီ ၂၇


မန္တလေးခရိုင်အမရပူရမြို့နယ်၊ ဒုဋ္ဌဝတီမြစ်ကမ်းပါးကျေးရွာများ၊ ကမ်းပါးပြိုမှုများ ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေများဖြင့် ကမ်းထိန်းနံရံများတည်းဆောက်ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကန်ဘဲ့ကျေးရွာ၌ ကမ်းနံရံတည်ဆောက်ပြီးစီးခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာ ကမ်းပြိုကာကွယ်ရေးအတွက် ကမ်းထိန်းနံရံတည်ဆောက်ရန် ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီက အမရပူရမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်ဇော်မြင့်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်း များဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်မြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖေသက်ထွန်းနှင့် ရပ်မိရပ်ဖများကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တင်ဒါအောင်ကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြစဉ်။


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ