နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်သို့ Mobile ဈေးကားများ လာရောက်ရောင်းချ

ရန်ကုန်၊ ဇန်နဝါရီ ၂၇ရက်


ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုများနေချိန်မှာ ပြည်သူများမိမိနေအိမ်မှနေ၍ ဈေးများသို့ သွားရောက်မဝယ်ယူရပဲ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် Mobile Market ဈေးကား များဖြင့် ရောင်းချပေးပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့်ညီနောင်အသင်းလုပ်ငန်းရှင်တို့ ပူးပေါင်း၍ စီစဉ်ရောင်းချပေးလျက်ရှိသော Mobile Market ဈေးကားများသည်ယနေ့နံနက်ပိုင်း၇နာရီမှ စတင်၍ ပန်းပဲတန်းမြို့နယ်ရှိ (၂ )ရပ်ကွက်၊မဟာဗန္ဓုလလမ်း(၂၅လမ်းနှင့်၂၆လမ်းကြား)၊ (၁၀)ရပ်ကွက်၊အနော်ရထာလမ်း(ဗိုလ်ဆွန်ပက်လမ်းနှင့်၃၁လမ်းကြား)သို့ လာရောက်၍Mobileဈေးကားများဖြင့် ရပ်ကွက်နေ ပြည်သူများအား လှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဈေးကားများလာရောက်ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများမှ ပန်းပဲတန်းမြို့နယ်ရှိ လမ်းတိုင်းတွင်လှည့်လည်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ပေးခြင်း ၊ ရပ်ကွက်အတွင်းမှပြည်သူများ ဈေးလာ​ရောက်ဝယ်ယူလျှင် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာမှဝယ်ယူအားပေးရန်၊ ဈေးဝယ်ယူသည့်အခါတွင်လဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ယနေ့လာရောက်ရောင်းချသော ဈေးကားများတွင် ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ရေချို/ရေငန် ငါးအမျိုးမျိုး၊ ပုဇွန်၊ ပင်လယ်စာများ၊ ကြက်ဥ၊ ဘဲဥ၊ စားသုံးဆီနှင့်ဟင်းသီးဟင်းရွက်  Mobile Market ဈေးကား(၈)စီးဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း / ဓာတ်ပုံ - ကျော်သူထက်







အခြားဆက်စပ်သတင်းများ