နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာမီကွတ်ဖောင်ဒေးရှင်းတွင် အလှူအတန်းများပြုလုပ်ခဲ့သည့် သရုပ်ဆောင် ဖွေးဖွေး

ဇန်နဝါရီ   ၂၇

သရုပ်ဆောင်ဖွေးဖွေးက ခိုကိုးရာမဲ့ Single Mother များနှင့် ကလေးငယ်များကို စောင့်ရှောက်ပေးနေသည့် မာမီကွတ်ဖောင်ဒေးရှင်းသို့ နှစ်ဦးကုသိုလ်အလှူပြုဖြစ်ခဲ့သည်နှင့်ပတ်သက်ပြီး ယင်း၏ချစ်ပရိသတ်များကို ကုသိုလ်ကောင်းမှုများ မျှဝေပေးခဲ့သည်။ မာမီကွတ်ဖောင်ဒေးရှင်းရှိ ကလေးများ၊ Single Mother များအတွက် လိုအပ်သည်တို့ကိုအသုံးပြုနိုင်ရန် ငွေကျပ်(၉) သိန်းလှူဒါန်းခဲ့ကြောင်း  ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းကမာမီကွတ် ဖောင်ဒေးရှင်း၏ ဖေ့ဘုတ်စာမျက်နှာတွင်ဖော်ပြထားခဲ့သည်။  အဆိုပါလှူဒါန်းမှုအတွက် သရုပ်ဆောင် ဖွေးဖွေးကို ကျေးဇူးတင်ရှိကြောင်း မာမီကွတ်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

"ညီမလေးဖွေးဖွေးမှ နှစ်ဦးအလှူအဖြစ် မာမီကွတ်ဖောင်ဒေးရှင်းသို့  အလှူငွေ ကိုးသိန်းကျပ်တိတိ လှူဒါန်း ပါတယ်ခင်ဗျာ။ ယခုလို မာမီကွတ်ဖောင်ဒေးရှင်းမှာ ခိုကိုးရာမဲ့ Single Mother များ၊ ကလေးများအပါဝင် လူပေါင်း ၅၀ကျော်ရှိနေသော မာမီကွတ်ဖောင်ဒေးရှင်းသို့ စေတနာမေတ္တာဖြင့် လာရောက်လှူဒါန်းကြသော အလှူရှင်များကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ မာမီကွတ် မရှင်ငြိမ်းမယ် Covid19 ဖြစ်သွားပြီး မကျန်းမာချိန် အဖက်ဖက်က စိတ်ဓာတ်ခွန်အားပေး၊ ကလေးတွေကိုအရမ်းချစ်ပြီး စောင့်ရှောက်ပေးတဲ့ ဖွေး ကျန်းမာ ချမ်းသာပါစေ။ သရုပ်ဆောင်အလုပ်တွေလည်း ဒီထက်မကအောင်မြင်ပြီး အကယ်ဒမီတွေလည်းရပါစေလို့ မာမီကွတ်မိသားစုမှ ဆုတောင်းပေးပါတယ်ခင်ဗျ" ဟုဆိုပြီး ဖော်ပြထားသည်။

အနုပညာလောကထဲသို့ ကြော်ငြာရိုက်ကူးရာမှ ဝင်ရောက်လာခဲ့ပြီး  ဗီဒီယို ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့ရာမှ ပရိသတ်အခိုင်အမာရရှိလာသည့်အနုပညာရှင်တစ်ယောက်ဖြစ်သည့်အပြင် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ (၃) ဆု ဆွတ်ခူးပိုင်ဆိုင်ထားသူလည်းဖြစ်သည်။                 
                                         (HWY)






အခြားဆက်စပ်သတင်းများ