နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှည်အနာမဲ့ရေး

ရန်ကုန် ဇွန်  ၂၇

အဘိုး၊ အဘွား၊ မိခင်၊ ဖခင်များနှင့်သားသမီး၊ မြေး၊ မြစ်များအတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ အဘိုး၊ အဘွား၊မိဘတို့ကို သား၊ သမီး၊မြေး၊ မြစ်များက ရိုသေလေးစာခြင်း၊ ဦးထိပ်ပန်ဆင်ခြင်း၊ ကျေးဇူးဆပ်ခြင်း၊      ပြန်လည်ပြုစုစောင့်ရှောက်ခြင်းစသည့် ဓလေ့စရိုက်များသည် မြန်မာတို့၏ မယိုင်မလဲ၊ ခိုင်မြဲလျက်ရှိသော ဓလေ့စရိုက်ပင်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံဖြစ်သော လက်ရည်တပြင်တည်းနေထိုင်ကြသည့် မိသားစုပုံသဏ္ဌာန်မပျက်ယွင်းရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ ထိုသို့ထိန်းသိမ်းစောင့်ရှောက် နိုင်ရန်အတွက် သက်ရှည်ကျန်းမာစွာ အနာရောဂါကင်းရှင်းရေး သတိပြုနေထိုင်ခြင်းသည် အဓိကကျပေသည်။

 လူတစ်ဦးတစ်ယောက်ရောဂါဖြစ်ခြင်း အကြောင်းအရင်းကို ဆန်းစစ်သော် အစားအသောက်ကြောင့် ရောဂါဖြစ်ရခြင်း။ ကူးစက်ရောဂါများကြောင့်  ရောဂါဖြစ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းစသည့် အချက်သုံးချက်ပင်ဖြစ်သည်။  အစားအသောက်များကို အလွန်အကျွံစားသောက်ခြင်း၊ အဆီ၊ အဆိမ့်၊ အချို၊ အငန်များသော အစားအစာများကို စားသောက်ခြင်း လူ၏ခန္ဓာကိုယ်အာဟာရမျှတစွာ မှန်ကန်စွာဖြည့်တင်း ပေးပါက ကျန်းမာခြင်းကိုဖြစ်ပေါ်စေပါသည်။ ရာသီအကူးအပြောင်းအလဲတွင် ကူးစက်တတ်သော​ရောဂါများ ကူးစက်ခံရခြင်းကြောင့် နာမကျန်းဖြစ်ရခြင်းဖြစ်ပေါ်လာနိုင်၏။ ဥပမာ တုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ ကူးစက်တတ်သော ဘက်တီးရီးယားရောဂါနှင့် ဗိုင်းရပ်စ်ရောဂါကြောင့်ကူးစက်ခြင်း ကမ္ဘာအနှံ့ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သက်ကြီးရွယ်အိုများနှင့်မိသားစုများ ကူးစက်ခြင်းဖြစ်သည်။

တစ်ဖန်အထိုင်များခြင်း၊ အအိပ်များခြင်းကြောင့် လူကိုဝဖြိုးစေနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါး လျှင် ခန္ဓာကိုယ်ဆူဖြိုးလာပြီး အဝလွန်ခြင်းသို့ရောက်ရှိလာနိုင်ပေရာ ကိုယ်လက်လှုပ်ရှားမှု အားကစားပြုလုပ် ခြင်းဖြင့် ပိုလျှံသောကယ်လိုရီများ ဖယ်ရှားပစ်နိုင်၍ ကျန်းမာခြင်းကို အထောက်အပံ့ပြုနိုင်ပေသည်။ မြန်မာ နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်သူများ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရေး၊ လက်ကိုစနစ်တကျ ဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦးအသိပေးခြင်း၊ သတိပေးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က အသိပေးပန်ကြားလွှာများ ထုတ်ပြန်ထားရာ ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်သည်။

ကျန်းမာ၍အသက်ရှည်အနာမဲ့စေလိုလျှင် ဖော်ပြပါအချက်သုံးချက်ကို သတိပြုလိုက်နာဆောင်ရွက်ခြင်း ဖြင့် မိသားစုလက်ရည်တပြင်တည်းနေထိုင်ပြုမူစောင့်ရှောက် ရိုင်းပင်းကူညီသည့်မြန်မာ့ဓလေ့မိသားစုပုံသဏ္ဌာန်ကို ဆောင်ကြဉ်းသွားနိုင်မည်ဟုဆိုချင်ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ