နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ဖြူတော်ဝန်ထမ်းများကို နှာခေါင်းစည်းတပ်ရန် ညွှန်ကြားထား

မေ ၁၂၊ ဝါရှင်တန်

အိမ်ဖြူတော်၏ အနောက်ဆောင်သို့ ဝင်ရောက်ပါက နှာခေါင်းစည်းတပ်ကြရန် ဝန်ထမ်းများကို ညွှန်ကြားထားသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှာခေါင်းစည်းတပ်မည်မဟုတ်ဟု ဆိုသည်။ '' ကျွန်တော်ကတော့ နှာခေါင်းစည်းမတပ်ချင်ဘူး။ ကျွန်တော်က သမ္မတတွေ၊ အာဏာရှင်တွေ၊ ဘုရင်တွေ၊ ဘုရင်မတွေနဲ့ နှုတ်ဆက်နေရတော့ နှာခေါင်းစည်းတပ်ထားရင် ဘယ်လိုနေမလဲ၊ ကျွန်တော်တော့ နှာခေါင်း စည်းတပ်မှာမဟုတ်ဘူး''လို့ ဒေါ်နယ်ထရမ့်က ပြောပါသည်။  အခြားသူများနှင့် ဝေးဝေးနေခြင်းကြောင့် ယင်းအနေဖြင့် နှာခေါင်းစည်းတပ်ရန် လိုအပ်မည်မဟုတ်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဝတ်အစားစီစဉ်ပေးသူနှင့် ဒုတိယသမ္မတ မိုက်ပန့်စ်၏ မီဒီယာအရာရှိတို့ နှစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် အိမ်ဖြူတော်က ဝန်ထမ်းများကို နှာခေါင်းစည်းတပ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ အိမ်ဖြူတော်ဝန်ထမ်းများအနေဖြင့် ယင်းတို့၏အလုပ်စားပွဲတွင် ထိုင်နေချိန်မှလွဲ၍ ကျန်အချိန်များတွင် နှာခေါင်းစည်းတပ်ထားရမည်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ဝေးဝေးနေရမည်ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ ထိပ်တန်းသမားတော် ဒေါက်တာအန်သိုနီဖောစီအပါအဝင် အိမ်ဖြူတော်၏ ဗိုင်းရပ်စ် နှိမ်နင်းရေးတပ်ဖွဲ့ဝင် ၃ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရှိသူနှင့် ထိတွေ့မိခဲ့ဖွယ်ရှိ၍ ရက်သတ္တနှစ်ပတ်ကြာ သီးသန့် ခွဲခြားနေထိုင်လျက်ရှိသည်။
 
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ