နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ဆန္ဒပြသည့် လယ်သမားများက ခံတပ်နီပရိဝုဏ်အတွင်းသို့ ဝင်ရောက်သောင်းကျန်း

နယူးဒေလီ  ဇန်နဝါရီ  ၂၇


အိန္ဒိယနိုင်ငံတွင် လယ်ယာမြေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်သည့် စုဝေးပွဲမှာ ဆူပူအုံကြွ သည့် အသွင်ပြောင်းလဲခဲ့ပြီး လယ်သမားများက ရဲတပ်ဖွဲ့အတားအဆီးများကို ကျော်ဖြတ်ကာ နယူးဒေလီမြို့ရှိ သမိုင်းဝင် ခံတပ်နီအဆောက်အဦးအတွင်းသို့ ဝင်ရောက်သောင်းကျန်းခဲ့ကြသည်။


ဆန္ဒပြသူများမှာ ခြေလျင်ဖြင့်တစ်မျိုး၊ လယ်ထွန်စက်များဖြင့် တစ်မျိုးဆန္ဒပြခဲ့ကြသည်။ ယင်းတို့မှာ အိန္ဒိယသမ္မတနိုင်ငံ တည်ထောင်သည့် နှစ်ပတ်လည်နေ့တွင်စုဝေးရန် စီစဉ်ထားသူများအနက် အချို့တစ်ဝက် ဖြစ်သည်။ ဆန္ဒပြသူများက သဘောတူထားသည့် လမ်းကြောင်းများမှသွေဖည်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြသည်။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် ဆန္ဒပြသူတစ်ဦးသေဆုံးခဲ့ပြီး ရဲအရာရှိ ၈၀ ကျော် ဒဏ်ရာရခဲ့သည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး ပြန်လည်ပုံဖော်နိုင်ရန် တက်သုက်ရိုက်ကြိုးပမ်း လျက်ရှိရာ နယူးဒေလီမြို့အချို့ဒေသများတွင် အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး ဘူတာရုံအချို့ကို လည်း ပိတ်ထားသည်။ ဆူပူအုံကြွမှုနှင့်ပတ်သက်၍ အိန္ဒိယအစိုးရက မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိသေးပေ။ သို့သော် ပြည်ထဲရေးဝန်ကြီး အမစ်ရှားက လက်ရှိအခြေအနေကိုဆွေးနွေးရန် ဒေလီရဲတပ်ဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်း သတင်းများက ဖော်ပြသည်။                    


                                                                    
(KNT)






အခြားဆက်စပ်သတင်းများ