နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါကြောင့် ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ကွယ်လွန်

ဘိုဂိုတာ  ဇန်နဝါရီ  ၂၇


ကိုလံဘီယာကာကွယ်ရေးဝန်ကြီးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ဆေးရုံတွင် ကွယ်လွန် သွားခဲ့ကြောင်း ကိုလံဘီယာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၆၉ နှစ်ရှိသည့် ထရူဂျီလိုမှာ ယခုလအစောပိုင်းက ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်ခဲ့ရပြီး အဆုတ်ရောင်ရောဂါ ခံစားခဲ့ရ သည်။ ထရူဂျီလိုကို ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမြို့ရှိ စစ်ဆေးရုံ အထူးကြပ်မတ်ခန်းတွင် ကုသပေးခဲ့ ခြင်းဖြစ်သည်။


''ကိုလံဘီယာနိုင်ငံက နိုင်ငံ့သားကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရပါပြီ'' ဟု ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးက ပြောသည်။ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ထရူဂျီလိုမှာ ဒုစရိုက်ဂိုဏ်းများကို ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေသည့် ကိုလံဘီယာနိုင်ငံ၏ ထိပ်တန်းအရာရှိတစ်ဦး ဖြစ်သည်။


နှစ် ၃၀ ကျော် ကြာမြင့်သည့် ထရူဂျီလို၏ နိုင်ငံရေးသမားဘဝတွင် Farc လက်နက်ကိုင်အဖွဲ့နှင့် ကိုလံဘီယာ အစိုးရကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် ကိုလံဘီယာနိုင်ငံ၏ ဆူပူအုံကြွမှု အမြင့်မားဆုံးကာလအချို့ကို ဖြတ်သန်း ခဲ့ရသည်။ ထရူဂျီလိုမှာ M-19 လက်နက်ကိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုရာတွင် သဘောတူညီခဲ့သည့်အတိုင်း ၁၉၉၁ ခုနှစ်တွင် အခြေခံဥပဒေပြန်လည်ရေးဆွဲရာ၌ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့သည်။       


  (KNT)






အခြားဆက်စပ်သတင်းများ