နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယားသမ္မတက စစ်တပ်အကြီးအကဲများကို ရာထူးမှထုတ်ပယ်

အဘူဂျာ  ဇန်နဝါရီ  ၂၇


နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီက ၂၀၁၅ ခုနှစ်တွင် သမ္မတအဖြစ် စတင်တာဝန်ယူခဲ့စဉ်က ခန့်အပ်ခဲ့သည့် နိုင်ဂျီးရီးယားစစ်တပ်အကြီးအကဲများကို ရာထူးမှထုတ်ပယ်ခဲ့သည်။ နိုင်ဂျီးရီးယားစစ်တပ်အကြီးအကဲများကို ရာထူးမှထုတ်ပယ်ခဲ့သည့် ဘူဟာရီ၏လုပ်ရပ်မှာ အံ့အားသင့်စရာဖြစ်ခဲ့ပြီး ယင်းတို့၏နေရာတွင် အစားထိုး ခန့်အပ်မည့်သူများ၏ အမည်ကိုလည်း တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။


ကြည်းတပ်၊ ရေတပ်၊ လေတပ်ခေါင်းဆောင်များနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကို မည်သည့်အတွက်ကြောင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြခဲ့ခြင်းမရှိပေ။ နိုင်ဂျီးရီးယားနိုင်ငံတွင် ဘိုကိုဟာရမ်အဖွဲ့၏ ဆူပူသောင်းကျန်းမှု၊ ပြန်ပေးဆွဲမှုများအပါအဝင် လုံခြုံစိတ်ချမှုကင်းမဲ့‌နေချိန်၌ စစ်တပ်ဆိုင်ရာအကြီးအကဲများ ထုတ်ပယ်ခံရခြင်းဖြစ်သည်။                                                                                                          


(KNT)






အခြားဆက်စပ်သတင်းများ