နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သူလျှိုမှုစွဲချက်များဖြင့် ရင်ဆိုင်နေရသည့် အမေရိကန်-အီရန် နှစ်နိုင်ငံသားခံယူထားသူကို အီရန်နိုင်ငံတွင် ဖမ်းဆီး

တီဟီရန်  ဇန်နဝါရီ  ၂၇


သူလျှိုမှုစွဲချက်များဖြင့် ရင်ဆိုင်နေရပြီး နိုင်ငံအတွင်းမှ ထွက်ပြေးရန် ကြိုးပမ်းနေသည့် အမေရိကန်-အီရန် နှစ်နိုင်ငံသားခံယူထားသူတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု အီရန်နိုင်ငံက ပြောသည်။ အီရန်တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ်လီက အဆိုပါအမျိုးသားကိုခွဲခြားဖော်ထုတ်ခဲ့ခြင်းမရှိသော်လည်း အာမခံဖြင့် ပြန်လွှတ်ပေးထားသူတစ်ဦးဖြစ်သည်ဟု ဆိုသည်။


ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အီရန်မီဒီယာများ၏ဖော်ပြချက်အရ အီမတ်ဆာဂျီဟု အမည်ရသည့် အမေရိကန်နွယ်ဖွား အီရန်စီးပွားရေးသမားမှာ အီရန်နိုင်ငံအနောက်ပိုင်းနယ်စပ်ကို တရားမဝင်ဖြတ်ကျော်ရန် ကြိုးပမ်းချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဟု ဆိုသည်။


အမေရိကန်-အီရန် နှစ်နိုင်ငံသား ခံယူထားသူကို ဖမ်းဆီးခဲ့ခြင်းမှာ သံတမန်နည်းလမ်းအရ အီရန်နိုင်ငံနှင့် ပြန်လည်ညှိနှိုင်းမည့် အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်၏ အစီအစဉ်များကို ရှုပ်ထွေးစေသည်။ သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်လက်ထက်တွင် စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ကာ အီရန်အစိုးရကို အဆုံးစွန်ဖိအားပေးခဲ့သည်။


ဒေါ်နယ်ထရမ့်က ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား ကန့်သတ်ထိန်းချုပ်ရေးစာချုပ်ကို ပြန်လည် ညှိနှိုင်းရန် အီရန်ခေါင်းဆောင်များကို ဖိအားပေးခဲ့သော်လည်း ယင်းတို့ကငြင်းဆန်ခဲ့ပြီး စာချုပ်ပါ ကတိကဝတ်များကိုဖောက်ဖျက်ကာ လက်တုံ့ပြန်ခဲ့သည်။ သို့သော် ဂျိုးဘိုင်ဒင်က အီရန်နျူကလီးယား ကန့်သတ်ထိန်းချုပ်ရေးစာချုပ်တွင် ပြန်လည်ပါဝင်မည်ဟုဆိုခဲ့ပြီး အီရန်နိုင်ငံက စာချုပ်ပါအချက်အလက် များကို အပြည့်အဝလိုက်နာပါက အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးမည်ဟု ဆိုသည်။


(KNT)






အခြားဆက်စပ်သတင်းများ